Chapter 131

1.2K 129 2
                                    

Unicode

[ဒီလူက 1.8 မီတာထက်တောင် မြင့်မယ်လို့ငါထင်တယ်]

[သူ့ဘောင်းဘီက c brandကဖြစ်ပြီး ယွမ်50,000 ကျော်တယ်ဆိုတာပဲ ငါသိတယ် လူချမ်းသာတွေ!]

[အဲ့လိုပါပဲ လူချမ်းသာတွေက လူချမ်းသာတွေနဲ့ပဲ ပေါင်းကြတယ်]

[သူတို့က ချစ်သူတွေလား? အားးး မဟုတ်ရဘူး!]

[နှစ်ယောက်သားက အရမ်းရင်းနှီးကြတာပဲ သူငယ်ချင်းတွေကြားက လုံခြုံတဲ့အကွာအဝေးနဲ့တော့ တူမနေဘူးလေ သေချာသလောက်ကတော့ ချစ်သူတွေဖြစ်မယ်]

[အားးးး ဘလော့ဂါ နင် ဘာလို့ ဓာတ်ပုံကို ကောင်းကောင်းမွန်မွန် မရိုက်ထားရတာလဲ နင်က အဲ့ဒီယောက်ျားရဲ့ ခြေတံရှည်တွေကိုပဲ ရိုက်မိထားတာဆိုတော့ ငါတို့ ခန့်မှန်းလို့မရဘူး!]

အချို့ပရိသတ်များက ထင်ကြေးပေးကြ၊ အချို့ပရိသတ်များက ငိုကြွေးကြပြီး အချို့ပရိသတ်များကတော့ ယွီနွမ်အား စနောက်ကြသည်။

ကုမျန်ကို အမှန်တကယ်သဘောကျသည့် ပရိတ်သတ်တွေအတွက်တော့ သူတို့၏ idol မှာ ချစ်သူရှိနေတာက ကျေနပ်စရာကောင်းသည့်အရာတစ်ခု မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် ဤကိစ္စတွင် သက်သေအစစ်အမှန်မရှိပေ။

၎င်းက ဓာတ်ပုံလေးတစ်ပုံသာဖြစ်ပြီး သာမန်သူငယ်ချင်းများကြား ညစာစားရန် တွေ့ဆုံမှုဟုလည်း ရှင်းပြလို့ရသည်ပင်။

နှစ်ယောက်သား နီးနီးကပ်ကပ်လျှောက်သွားသည့် အဖြစ်ကို‌လည်း ရှင်းပြလို့ရသည်။ အဆုံးတွင်တော့ နတ်ဘုရားမသည် အလွန်လှပပြီး ယောက်ျားတစ်ယောက်သာဆိုပါက သူမနှင့်နီးစပ်ရန် ကြိုးစားမည်သာဖြစ်သည်။

လူနှစ်ယောက်ကြားရှိအကွာအဝေးက သူတို့ကြားက ဆက်ဆံရေးကို မပြောနိုင်ချေ။

ယွီနွမ်သည် သူမ၏ Weibo မှတ်ချက်များက ရုတ်တရက် ဦးတည်ရာပြောင်းလဲသွားသည်ကို တွေ့ပြီးနောက် သူမရဲ့နဖူးကို ရိုက်လိုက်မိသည်။

သူမရဲ့ရည်ရွယ်ချက်က နတ်ဘုရားမကုမျန်ကို ချီးမွမ်းစကားပြောလာကြဖို့‌ဆိုပေမယ့် အခုတော့ သူမက နတ်ဘုရားမကို ဒုက္ခရောက်စေခဲ့မိပြီလား။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now