.....
ဂယူဘင်းအလုပ်ကပြန်ရောက်လို့ရေချိုးပြီး နာရီကြည့်လိုက်တော့ ည ၇:၅၀။ မဖြစ်ပေ ည ၈ နာရီ အတိ၌ သူကုတင်ပေါ်တွင်နေရာယူပြီး Instagram ဖွင့်ကာအသင့်စောင့်နေမှဖြစ်မည်။ ဘာကြောင့်လဲဆိုတော့ ည ၈ နာရီတိုင်းတွင် ဂယူဘင်းရဲ့ အူတုန်အသည်းတုန်လေး ယူဂျင်းမှ message ပို့တတ်သည်လေ။
တောင်!
အသံကြားသည်နှင့် ဂယူဘင်း Instagram message မှ @yuyu_pookie username ဖြင့် ဝင်နေသော new message ကိုဝင်ကြည့်လိုက်ပြီး ချက်ချင်းပဲ copy ကူးကာ ဂယူဘင်းတစ်ယောက်တည်းသုံးရန်အတွက်ဆိုပြီးပေးထားတဲ့ Code Runner application တွင် run လိုက်တော့သည်။ Result နေရာကိုကြည့်လိုက်တော့
사랑해요 규빈이형 ♡︎
사랑해요 규빈이형 ♡︎
사랑해요 규빈이형 ♡︎(사랑해요 규빈이형 ♡︎ = I love you gyuvinie hyung)
ဆိုသည့်စာတန်းလေးတွေမှာ အဆုံးမရှိပေါ်နေလေသည်။ ဂယူဘင်းထိုစာတန်းလေးတွေကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံးလေးတွေမှိတ်ကျသည်အထိရယ်ပစ်လိုက်မိသည်။ သူဒီကလေးလေးကိုချစ်လိုက်တာမှ အရမ်းပါပဲလေ ~
ဟုတ်ပါသည်။ ယူဂျင်းမှာ US မှာ Master's program တက်ရောက်နေတဲ့ Computer Science ကျောင်းသားဖြစ်သည့်အလျောက်အဲ့လို code message လေးတွေဖြင့် ဂယူဘင်းကိုချစ်ကြောင်းဖော်ပြတတ်သည်လေ။ အကြောင်းပြချက်ကတော့ သူမတူတဲ့နည်းလမ်းနဲ့ ဂယူဘင်းကိုချစ်ကြောင်းပြောပြချင်လို့ပါတဲ့။
ပြောရမယ်ဆိုလျှင် ဂယူဘင်းနှင့် ယူဂျင်းမှာ ငယ်ချစ်တွေဖြစ်သည်။ ၁၆ နှစ်အရွယ်ဟန်ယူဂျင်းလေးကို ဂယူဘင်းအနေနဲ့ အထက်တန်းကျောင်းကန်တင်းမှာ တွေ့တွေ့ချင်းပင် ရင်ခုန်ခဲ့ရသည်လေ။ ထိုအချိန်၌ ဂယူဘင်းသည် ၁၈ နှစ်ပင်ရှိခဲ့သော်ညားလည်း အခုမှ အချစ်ဖြင့်စတင်ထိတွေ့ဖူးသူမို့ ယူဂျင်းကိုဖွင့်ပြောဖို့အတွက် ငါးလလောက်အချိန်ယူခဲ့ရသည်လေ။ ထိုငါးလအတွင်း ယူဂျင်းရှိသည့်နေရာတိုင်း၌ ဂယူဘင်းကိုတွေ့ရတတ်သည်။ ကျောင်းသွားချိန်၊ ကျောင်းပြန်ချိန်၊ နေ့လည်ထမင်းစားချိန်၊ အချိန်တိုင်းတွင် ဂယူဘင်းသည် ယူဂျင်းနှင့် ခပ်လှမ်းလှမ်းတွင်ရှိနေတတ်ပါ၏။ စာသင်ချိန်များတွင်ပင် ဂယူဘင်းသည် ယူဂျင်းတို့အတန်းထဲ၌သွားထိုင်ချင်ခဲ့မိပါသည်။ သို့သော်ယူဂျင်းတို့၏ အတန်းပိုင်ဆရာမမှာ အရိုက်ကြမ်းသဖြင့် ဂယူဘင်းအနေဖြင့် သွားမထိုင်ရဲခဲ့ပါပေ။ ထိုသို့ဖြင့်အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာပြီး ကျောင်းပိတ်ရန်ရက်အနည်းငယ်သာလိုပါတော့သည်။ အကယ်၍ ဂယူဘင်းအနေနဲ့ ယူဂျင်းကိုအခုနေသာ ဖွင့်မပြောခဲ့လျှင် ယူဂျင်းနှင့် ပြန်ဆုံနိုင်ချေမှာ 100 တွင် 3 ရာခိုင်နှုန်းပင်မရှိတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ဂယူဘင်းသည် အထက်တန်းနောက်ဆုံးနှစ်ဖြစ်ပြီး ယူဂျင်းသည်အထက်တန်းပထမနှစ်သာရှိသေးသည်လေ။ ထို့အတွက်ကြောင့် ဂယူဘင်းသည် မသေချာမရေရာမှုများစွာကို ရင်တွက်ပိုက်ပြီး ကျောင်းဆင်းချိန်၌ယူဂျင်းတို့အတန်းဘက်သို့ခြေဦးလှည့်လာခဲ့ပါသည်။ ဟော တွေ့ပါပြီ လုံးလုံးလေးနဲ့ထွက်လာတဲ့ သူ့ရဲ့ပိစိလေးယူဂျင်း။ ဂယူဘင်းအနေနဲ့ ဒီနေ့မှ ကံကောင်းသည်ပဲပြောရမလား ယူဂျင်းဘေးမှာ ပုံမှန်တွေ့နေကျ သူငယ်ချင်းကိုမတွေ့ရဘဲ ယူဂျင်းတစ်ယောက်တည်း အခန်းထဲမှ ထွက်လာသည်လေ။ ယူဂျင်းကိုတွေ့သည်နှင့် ဂယူဘင်းမှာ ဟန်တောင်မဆောင်နိုင်တော့ဘဲ ဖွင့်ပြောလိုက်မိလေတော့သည်။ ဂယူဘင်းဘာတွေပြောလိုက်မိသည်ပင် မမှတ်မိတော့ အသိစိတ်ဝင်လာသည်နှင့် သူ့အရှေ့တွင် တွေ့လိုက်ရသည်မှာ ခရမ်းချဉ်သီးလေးလိုနီရဲနေသည့် ယူဂျင်းလေး။ ထိုအချိန်တွင်ယူဂျင်းပြန်ပြောလိုက်သည့် စကားလေးကြောင့် ဂယူဘင်းမှာ ကမ္ဘာကြီးကို အပိုင်စားရလိုက်သလိုပါပင်။ ယူဂျင်းပြောလိုက်သည်ကတော့ "ကျွန်တော်လည်း စီနီယာ့ကိုချစ်ပါတယ်တဲ့"။ နောက်ပိုင်းမှ ပြန်သိရသည်ကတော့ ယူဂျင်းက ဂယူဘင်းသူ့ကိုချစ်နေတာကိုရိပ်မိနေခဲ့ပါသည်တဲ့လေ။ အင်းပေါ့ ငါးလလောက် ကိုယ့်နောက်တောက်လျှောက်လိုက်နေတာကို မသိမှသာလျှင် အရူးဖြစ်ပေလိမ့်မည်။