(Unicode )
BABE❤️(Sweetie)
"ဘယ်သွားမလို့ min လေး"
အိမ်အပေါ်ကထပ်က ရှိုးအပြည့်နဲ့ဆင်းလာတဲ့ min လေးကို jin ကလှမ်းမေးလိုက်ခြင်းပင်
"ဟီး..ဟီး..hyung jin"
min က သွားဖြီးပြပြီ jin အနားကပ်သွားလိုက်သည်
"ဟို min အပြင်ခဏသွားချင်လို့ သူငယ်ချင်းတစ်ယောက်ရဲ့ birthday party လေ.. ကိုကြီး ပြန်လာမလာသေးဘူးမဟုတ်လား ဟင်.."
"joon က ဒီည Dinner စားပွဲတစ်ခုရှိလို့ ပြန်လာနောက်ကျမယ်minလေး..သွားစရာရှိရင်လည်း သွားပါ ဒါပေ့မယ် စောစောတော့ပြန်လာနော် min လေး ကိုကြီးအကြောင်းသိတယ်မဟုတ်လား"
သိတာပေါ့ ကိုကြီးအကြောင်း ကို min ကိုဆို အမြဲချုပ်ချယ်နေတာ min ကလည်း အဲလိုချုပ်ချယ်နေရာကနေကိုအပြင်ကိုခဏခဏခိုးထွက် နေတာ..
"ဟုတ် min စောစောပြန်လာခဲ့မယ်နော်..အဲတာကြောင့် hyung jin ကိုချစ်နေရတာ"
min က jin ကိုယ်လုံးကိုသိမ်းဖက်ရင်ပြောလိုက်သည်
"ကဲပါ... သွားစရာရှိတာသွား..min လေး ကိုကြီးပြန်လာရင်လည်း hyung ပြောထားပေးမယ်"
"ဟုတ်..min သွားပြီနော်"
min က အိမ်ရှေ့က ရပ်ထားတဲ့ ကားအဖြူရောင်လေးတက်ပြီ ထွက်သွားလိုက်သည်
>>>>>>>>>>>>>>>>>>>>>>>
ဒုန်း..
စားပွဲပေါ်ကို သံတုတ်ပစ်ချပြီး အနီးကထိုင်ခုံမှာ jk ထိုင်ပြီအမောဖြေလိုက်သည်
ဝါကျင့်ကျင့်မီးရောင်အောက်မှာမြင်နေရတဲ့ jk ရဲ့မျက်နှာထက်မှာသွေးများပေကျံနေသည်
အနက်ရောင်အင်္ကျီကို ကြယ်သီးသုံးလုံးဖြုတ်ထားကြောင့် ပြန့်ကာထွက်နေတဲ့ရင်အုပ်နဲ့ ရင်ဘတ်ကြွက်သားအမြှောင်းများတွေ့မြင်နေရသည်
ဒါအပြင် အင်္ကျီလက်ကိုခေါက်တင်ထားကြောင့် ထင်ထွက်နေတဲ့သွေးကြောနဲ့ တက်တူးများကြောင့် jk ရဲ့ပုံက အရမ်းကိုမိမိုက်နေသည်jk ကအနက်ရောင်ဆံနွယ်ကောက်ကောက်ကိုသပ်တင်ရင်
"လူးကတ်..ကိစ္စတွေရှင်းလိုက်"
YOU ARE READING
𝐁𝐀𝐁𝐄❤️(𝐒ω𝖾𝖾𝗍𝗂𝖾)(Ongoing)
Fanfic#+18 Warring #JIKOOK #Omegaverse #Fantasy #Fanfiction