( Unicode )
BABE❤️(Sweetie)
ဒီနေ့က min ရဲ့ဘဝအတွက် ထူးခြားနေ့လေးဆိုရင်မမှားဘူး ဘာလို့ဆို ဒီနေ့က min နဲ့ကိုကိုရဲ့ စေ့စပ်ပွဲနေ့လေးပေါ့
ကိုကို က min သဘောအတိုင်း kim အိမ်တော်မှာ စေ့စပ်ပွဲ ကိုလုပ်ပေးခဲ့တယ် စေ့စပ်ပွဲကိုလည်း ရင်းနှီတဲ့သူလောက်ပဲ ဖိတ်ပြီး ပြုလုပ်ခဲ့တယ်
jimin ခြံထဲက ဒန်းလေးပေါ် ထိုင်ရင်း ကောင်းကင်ကြီးကို ကြည့်နေမိသည် ဒီနေ့မှ ကောင်းကင်ကြီးက ပိုလှနေသလိုပဲ..
"ဘာတွေး တွေးနေတာလဲ..min.."
min ကောင်းကင်ကိုကြည့်နေတုန်း သူကိုဦးတည်ပြောလာတဲ့စကားကြောင့်ကြည့်တော့ကိုကိုဖြစ်နေတယ် ကိုကိုက သူ့ကိုမတွေ့လို့ထွက်လာတာထင်တယ်
"ကိုကို..ဘယ်လိုရောက်လာတာလဲ"
"အိမ်ထဲမှာ min ကိုမတွေ့လို့ အပြင်မှာရှိမလားဆိုပြီ ထွက်လာတာ"
"ကိုကိုက ကိုကြီးတို့နဲ့ စကားပြောနေလို့ min လည်းလုပ်ငန်းအကြောင်းမှမသိတာ
အဲဒါကြောင့် ပျင်းလို့ ခြံထဲဆင်းလာတာ..""ဟုတ်ပါပြီ..လာ ဒီဘက်တိုးအုံး...ကိုယ့် ခလေးလေးက ဒီနေ့အရမ်းအရမ်းတွေချစ်ဖို့ကောင်းနေတာ ကိုယ့်အခုထိမချစ်ရသေးဘူး.."
jungkook က jimin ကိုယ်ကို သူဘက်ကို ဆွဲပြီးဖက်ထားရင်းပြောလိုက်သည်
"ကိုကိုလည်း ဒီနေ့ အရမ်းချောတယ်..."
"ကိုယ့်ကတော့ min ကို ကိုယ့်အပိုင်ဖြစ်ဖို့
အမြန်ဆုံးလက်ထပ်ချင်နေ ပြီ..""ကိုကို ကလည်း အခုလည်း min ကို ကိုကိုကမပိုင်လို့လား.."
"ပိုင်တော့ပိုင်ပြီ ဒါပေ့မယ် အပြည့်အဝမဟုတ်သေးဘူး.."
"min က အမြဲ ကိုကို အပိုင်ပါ"
"ခလေး~~"
"ဟင်..."
"ခလေး ကိုကြီးကိုပြောပြီပြီလား ကိုယ့်နဲ့အတူနေမယ်အကြောင်း"
"ဟင့်အင်း မပြောရသေးဘူး"
"ဘာလို့မပြောသေးတာလဲ ကိုယ့်က ခလေး ကို ဒီနေ့ထဲက ခေါ်သွားမလို့"
YOU ARE READING
𝐁𝐀𝐁𝐄❤️(𝐒ω𝖾𝖾𝗍𝗂𝖾)(Ongoing)
Hayran Kurgu#+18 Warring #JIKOOK #Omegaverse #Fantasy #Fanfiction