Part-3

1.2K 119 9
                                    

(Unicode )

BABE❤️(Sweetie)

"ပြန်လာပြီပေါ့"

ကျောနောက်ကအသံကြောင့် လှေကားပေါ်တက်မယ့် jimin ခြေထောက်တို့ရပ်သွားပြီ ပြန်လှည့်ကြည့် လိုက်တော့ သူကိုလက်ပိုက်ကြည့်နေတဲ့ ကိုကြီးကိုတွေ့လိုက်ရသည်

"အဟဲ..ကိုကြီး..ပြန်ရောက်နေပြီလား"

jimin က ရယ်ပြီမျက်နှာချိုသွေးလိုက်သည်

"အခု ဘယ်အချိန်ရှိပြီလဲ.."

"အချိန်?"

jimin ဘောင်းဘီအိတ်ထဲက ဖုန်းကိုအမြန် ယူကြည့်လိုက်တော့ 11:30အချိန်ရောက်နေပြီ

"11:30ခွဲပါ ကိုကြီး"

"ကိုကြီး မင်းကို ဘာမှာထားလဲ min လေး"

"ညဘက်တွေအပြင်ကို မသွားရဘူး..ဒါပေ့မယ် ကိုကြီး min သွားချင်လို့မှမဟုတ်တာ သူငယ်ချင်းမွေးနေ့သွားတာလေ.."

"အရင်ကလည်း ခိုးထွက်နေတာပဲလေမဟုတ်လား..ဒီတစ်ခါတော့မရဘူး.. မင်းကိုအပြစ်ပေးရမယ်"

အပြစ်ပေးမယ်ကြားတော့ jimin နှုတ်ခမ်းဆူထားမိလိုက်သည်

"ကိုကြီးကလည်း..."

"တပတ်တိတိ မင်းကို မုန့်ဖိုးဖြတ်မယ်..ပြီတော့ ကတ်တွေလည်းခဏပိတ်ထားမယ်.."

"ကိုကြီး..အဲလိုမလုပ်နဲ့ဗျာ.."

"မရဘူး..အထွန့်မတက်နဲ့နော် တက်ရင် တပတ်ကနေ တစ်လဖြစ်သွားမယ်..သွား ခြေလက်ဆေးပြီ အိပ်တော့.."

"ဟွန့်.."

jimin နှုတ်ခမ်းစူပြီ ဆောင့်အောင့်ကာ အပေါ်ထပ်သွားလိုက်သည်
ကျန်ခဲ့တဲ့ joon မှာတော့ ခေါင်းခါရမ်းနေတော့သည်
တကယ်မလွယ်ကျောလေပဲ..

>>>>>>>>>>

"Boss"

"ဘယ်လိုလဲ.."

"Boss သိချင်တဲ့ ကောင်လေးအကြောင်း ကျွန်တော်စုံစမ်းလာခဲ့ပါတယ် ဒီမှာပါ"

ဟားမတ်စ် က ဖိုင်တစ်ခုကို jk ကိုကမ်းပေးလိုက်သည် jk လည်းဖိုင်ကိုယူပြီး ကြည့်လိုက်သည် အထဲမှာတော့ jimin ရဲ့ကိုယ်ရေးရာဇဝင်အချက်အလက်ပင်

𝐁𝐀𝐁𝐄❤️(𝐒ω𝖾𝖾𝗍𝗂𝖾)(Ongoing)Where stories live. Discover now