🏠 - 16

271 37 1
                                    

      " ကျွန်တော်တောင်းပန်ပါတယ် စိတ်ဆိုးပြေပေးပါတော့အစ်ကို ... နော် အဲလိုကြီးစကားမပြောပဲ မနေပါနဲ့ ..."

ရစ်ခီ ဆေးရုံခုတင်ထက်ကနေ မျက်နှာငယ်လေးနဲ့လှမ်းပြောပေမဲ့ အစ်ကိုကကြည့်မလာ။ ဆိုဖာထက်ထိုင်ကာ စာအုပ်တစ်အုပ်နဲ့သူဖတ်စရာရှိတာသာ ဆက်ဖတ်နေသည်။ရစ်ခီ့အား အကြည့်တစ်ချက်တောင် မစွန့်ကြဲတော့သည့် ပါမောက္ခလေးက ရစ်ခီ့အား အမှန်တကယ် စိတ်ဆိုးနေပါသည်။ အကြောင်းကတော့ သူ သေနတ်အပစ်ခံရသည့်နေ့က ကိစ္စကို ကြိုမပြောလို့ပါတဲ့လေ ...။ ရစ်ခီကရှပ်ထိယုံပဲဖြစ်ပြီးတမင်မေ့ချင်ယောင်ဆောင်တာကို တကယ်ထင်ပြီး ငိုနေရာမှ ဆေးရုံရောက်မှ အကြောင်းစုံသိကာ သူ့ကို ကြိုမပြောရလား စိတ်ပူအောင်လုပ်ရမလားဆိုကာ စိတ်ဆိုးသွားတာ အခုထိစကားမပြောသေးပေ။ ရှပ်ထိတာဆိုပေမဲ့ အရင်ကဓားထိုးခံထားရသည့်နေရာကို ထပ်ထိတာမလို့ သွေးပြန်ထွက်ပြီး ဆေးရုံပြန်တက်နေရတာဖြစ်သည်။

ရစ်ခီက သူ့အားအဖက်မလုပ်သည့် အစ်ကိုရှိရာဆီသို့ ဆေးပိုက်တန်းလန်းနဲ့သွားကာ ဘေးဝင်ထိုင်လိုက်သည်။ ထို့နောက် စာဖတ်နေသည့် အစ်ကို့ပေါင်ပေါ်ခေါင်းအုံးလို့ ဆိုဖာပေါ်လှဲချလိုက်သည်။ အစ်ကိုက ဘာမှမပြောသလို သူ့လည်းမကြည့်ပဲ စာအုပ်ကိုပဲအာရုံစိုက်သည်။ ရစ်ခီ ခနငြိမ်နေလိုက်ပြီးမှ အစ်ကို့လက်ထဲက စာအုပ်ကို ဆွဲယူလို့ပိတ်ပစ်လိုက်သည်။

            " မင်း ဘာလုပ်တာလဲ ?? ....."

ထိုအခါမှ ခပ်စူးစူးလေးအော်လာသည်။
ရစ်ခီက ထိုမျက်နှာလေးအာကြည့်ရင်း ...

" အစ်ကိုက ကျွန်တော့်ကို ဂရုမစိုက်လို့ပိတ်ပစ်လိုက်တာလေ ... "


      " မင်းကရော ဂရုစိုက်ချင်စရာကောင်းနေလို့လား ..."

       "အစ်ကိုကလည်း - ...."

        "အမြဲပြောတယ် ... ထိခိုက်ဒဏ်ရာမရစေနဲ့လို့ ... ကိုယ်ရှေ့မှာလဲကျသွားတာ ကိုယ်ဘယ်လောက် စိုးရိမ်သွားလည်းသိလား ... တမင်ဟန်ဆောင်တာဆိုရင်တောင် ကိုယ့်ကို ကြိုပြောပါ့လား ... မင်းကလေ ကိုယ့်ကိုဆို ဘာမှမတိုင်ပင်ဘူး ကြိတ်ခံစားတယ် ကြိတ်ဖြေရှင်းတယ် ... မင်းအတွက် ကိုယ်က အဲလောက်အရေးပါဘူးလားလို့ တစ်ခါတစ်လေကျ တွေးမိတယ် ..."

HOME [ COMPLETED ]Where stories live. Discover now