အဆင့်မြင့်ကွန်ဒိုတိုက်ခန်းတစ်ခုရဲ့ ဧည့်ခန်းနေရာမှာ ဒူးကိုရင်ခွင်ထဲပိုက်ပြီး ခပ်ကွေးကွေးလေးအိပ်နေတဲ့လူငယ်လေးတစ်ယောက်ရှိတယ်။ မှန်အကြည်နဲ့အလှဆင်ထားတဲ့စားပွဲပေါ်မှာတော့ ဝိုင်ပုလင်းအလွတ်နှစ်လုံးနဲ့အတူဘီယာဘူးအခွံအချို့ပျံ့ကြဲနေတယ်။ ဝရံတာပေါက်နဲ့ဧည့်ခန်းနေရာကတစ်ဆက်တည်းမို့ ပိတ်ထားခြင်းမရှိတဲ့တံခါးမှချမ်းစိမ့်စိမ့်လေတွေရဲ့လှုံစော်မှု့ကြောင့် အိပ်ပျော်နေတဲ့မျက်ဝန်းတွေက ဖြည်းဖြည်းချင်းလှုပ်ရှားလာတယ်။
ခေါင်းအုန်းလိုအရာမပါပဲ ဆိုဖာပေါ်မှာအိပ်ပျော်သွားလို့ အိပ်ယာမှနိုးချင်း ထယ်ဂျင်းရဲ့ဇာတ်ကျောတွေပူထူနေတယ်။ ရှုပ်ပွနေတဲ့မျက်စိအရှေ့ကမြင်ကွင်းကြောင့် ဆံပင်တွေထဲလက်ထိုးဖွရင်း မန်မိုရီတွေအသဲအသန်ပြန်ခေါ်တော့ အဓိကတရားခံကိုချက်ချင်းမှတ်မိသွားတယ်။
ကိုယ့်အိမ်ကိုယ့်ယာပေမယ့် ထယ်ဂျင်းကိုဧည့်ခန်းထဲထွက်အိပ်ရလောက်တဲ့အထိဒုက္ခပေးတဲ့လူဆီ ချက်ချင်းသွားလိုက်တယ်။"ဟေ့ကောင်! ချွဲဆူဘင်းထစမ်း!!"
ရှည်းလျားတဲ့အရပ်ကြောင့် မွေ့ယာပေါ်ကန့်လန့်ဖြတ်အနေအထားနဲ့အိပ်နေတဲ့ဆူဘင်းကိုခြေထောက်ကကိုင်ပြီး ဆွဲလှုပ်နှိုးလိုက်တယ်။ မှောင်ရိပ်ထင်နေတဲ့အခန်းကြောင့် ပိတ်ထားတဲ့လိုက်ကာတွေကိုလိုက်ဖွင့်ရင်း ခုထိတစ်ချက်မှလှုပ်မလာသေးတဲ့သူငယ်ချင်းဖြစ်သူဆီ အကြည့်တွေရောက်သွားတယ်။
ညအချိန်မတော်ကြီး နီရဲနေတဲ့မျက်လုံးတွေနဲ့အမူးသမားချွဲဆူဘင်းက ထယ်ဂျင်းရဲ့ကွန်ဒိုရှေ့ကိုရောက်ချလာတာ။
မို့အစ်နေတဲ့မျက်ခွံတွေကြောင့် မိသားစုနဲ့ပြသနာတက်တယ်ထင်ပြီး စိတ်ပူသွားလို့ ဖြစ်ကြောင်းကုန်စင်ကိုမေးလိုက်ပေမယ့် သကောင့်သားကအဖတ်မလုပ်ပဲ ရေခဲသေတ္တာထဲက ရှိသမျှဘီယာဘူးတွေကိုတစ်ဘူးချင်းယူချနေတော့တာ။ သူငယ်ချင်းတွေထဲ ဆူဘင်းကသူနဲ့အရင်းနှီးဆုံးဖြစ်ပေမယ့် ခုလိုစိတ်ဓာတ်ကျနေတဲ့ပုံစံကို ပထမဆုံးမြင်ဖူးချင်းပဲ။အသိစိတ်မကပ်တဲ့အထိမူးရှုးနေချိန်မှ မျက်ရည်တွေကျပြီး နာမည်တစ်ခုကိုခေါ်လိုက် တောက်စ်ခေါက်လိုက်နဲ့မို့
အိမ်နဲ့ပြသနာတက်ပြီးကွဲနေတာမဟုတ်မှန်းသိလိုက်ရတာ။ အင်းလေ ချွဲဆူဘင်းကိုတစ်အိမ်လုံးကဖူးဖူးမှုတ်ထားတာ ဒီလိုမျက်ရည်ကျစရာအခြေအနေရှိပါ့မလား။