အပိုင်း ( ၁၁ )

280 33 3
                                    

ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်နေတဲ့ suit နက်ပြာရောင်ကြောင့် ခြေတံသွယ်သွယ်တွေကို ပိုပြီးထင်ရှားစွာမြင်နေရတယ်။
necktie တည်ရှိနေတဲ့လည်တိုင်ဖွေးဖွေးလေးရဲ့အထက်မှာတော့ စူးရဲနေတဲ့မျက်ဝန်းတစ်စုံ။

ရေသေလို့တည်ငြိမ်နေတဲ့ထိုမျက်ဝန်းတွေက စူးရဲနေချိန် တိကျပြတ်သားမှု့ကိုဖော်ဆောင်ပြီး တောက်ပကြည်လင်နေချိန်မှာတော့ သူမတူအောင်ချစ်ဖို့ကောင်းနေလေရဲ့။ ပိုင်ရှင်ဖြစ်သူရဲ့ ခပ်တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းပါးတွေကတော့ ရေဆွတ်ထားတဲ့ပန်းပွင့်လေးလို ဖူးကြွနေတယ်။

"တစ်ကယ်သွားချင်ရဲ့လား"

"အင်း တစ်ကြိမ်ငြင်းရင် နောက်တစ်ကြိမ်တွေထပ်ဆက်သွယ်နေအုံးမယ်"

ကားပြတင်းပေါက်မှ အပြင်ဘက်ကသွားလာလှုပ်ရှားနေမှု့တွေကို ငြိမ်သက်ငေးနေတဲ့ယောန်ဂျွန်းရဲ့ပုံစံက အရုပ်လေးတစ်ရုပ်ချထားတဲ့အတိုင်းပဲ။
ရိုက်ကူးရေးပြီးချင်း အဖေဖြစ်သူဆီကအဆက်အသွယ်ရလို့ မန်နေဂျာကိုအိမ်ပြန်ခိုင်းပြီး ယောန်ဂျွန်းတစ်ယောက်တည်းထွက်လာဖို့ပြင်ပေမယ့် ထုံးစံအတိုင်းစိတ်မချလို့ကိုယ်တိုင်ကားမောင်းပြီး လိုက်ပို့တာ။

"ရောက်ရင် ဟျောင်းအရင်ပြန်နှင့်
အကြာကြီးစောင့်ရမှာ"

"ကားထဲစောင့်ရမှာပဲ ရပါတယ်"

မန်နေဂျာရဲ့အပြောကို သဘောမတူသလိုယောန်ဂျွန်းက ခေါင်းခါပြတယ်။

"တွေ့ပြီးရင် စိတ်ချမ်းသာတာနည်းတယ်လေ
အာ့ကြောင့် တစ်ယောက်တည်းပြန်ချင်တယ်"

အဖေအရင်းနဲ့တွေ့ရဖို့ကို ကြိုတင်ပြီးငြီးတွာနေတဲ့ယောန်ဂျွန်းရဲ့မျက်နှာက မှုန်မှိုင်းနေတယ်။ အရင်တစ်ခါအိမ်ကိုလာပြီး အားတဲ့တစ်ရက်ထမင်းအတူစားရအောင်လို့ပြောခဲ့တာက ဒီအတိုင်းတမင်သပ်သပ်လောကွတ်ချော်သွားတာမဟုတ်ဘူးပဲ။

ဇာတ်ဝင်ခန်းတစ်ခုကြောင့်ဝတ်ထားရတဲ့ suitကိုမလဲပဲ အိမ်ပြန်ပြီးရေဝင်ချိုးတာမျိုးတောင်မလုပ်ခဲ့တာက ဖဲ့ပေးဖို့အချိန်မရှိလို့လူကိုနောက်တစ်ခါထပ်ခေါ်ဖို့ မသင့်ကြောင်းသွယ်ဝှိုက်နည်းနဲ့ အသိပေးချင်လို့။

WANNA BE YOURSWhere stories live. Discover now