ကဒ်!!!!
"ဒီထက်ပိုပြီး သဘာဝကျကျလေးကြိုးစားပေးပါအုန်း"
"ဟုတ် ကျွန်တော်ထပ်ကြိုးစားပါ့မယ်"
နေရောင်အောက်မှာရပ်နေသောကြောင့် လက်ဖဝါးနှစ်ဖက်ထဲချွေးစေးတွေထွက်လာတာသတိထားမိပေမယ့် ထိုရပ်နေတဲ့နေရာကယောန်ဂျွန်းမရွေ့ဖြစ်။ အချိန်ခဏနားချိန် လေတိုက်လို့ ဝေ့ဝဲကျလာတဲ့ဆံမျှင်တွေကိုပြန်ပြင်ပေးနေတုန်း မျက်လုံးမှိတ်ကာပျံ့လွင့်ချင်နေတဲ့စိတ်ကိုစုစည်းလိုက်တယ်။ခုနေ့မှ ယောန်ဂျွန်းကယောန်ဂျွန်းမဟုတ်သလိုပဲ
မိတ်ကပ်ပါးပါးလေးအောက်က မသိမသာမြင်နေရတဲ့မျက်ဝန်းတစ်ဝိုက်ကြောင့် သူတို့ရဲ့မင်းသားလေးအခြေအနေမဟန်ဘူးဆိုတာ သဘောပေါက်သွားတယ်။ ယောန်ဂျွန်းကိုယ်တိုင်ကသတိမထားမိပေမယ့် အတူနေတာကြာနေပြီဖြစ်တဲ့လူတွေအတွက်တော့ ပါးကိုပိန်လိုက်ဖောင်းလိုက်လုပ်ကာ လေကိုခပ်မြန်မြန်ရှုသွင်းနေပုံက စိတ်ရှုပ်ချိန်တိုင်းလုပ်နေကျအမူအကျင့်လေးတစ်ခုမှန်း သိထားကြပြီးသား။
"ညက သေချာအိပ်မပျော်ဘူးလားယောန်ဂျွန်းနီး"
"အွန်း"
မိတ်ကပ်ဆရာရဲ့အမေးစကားကို ခေါင်းလေးတစ်ချက်ငြိမ့်ပြရင်းတုန့်ပြန်တယ်။ မနက်ကတည်းကစတင်ဖြစ်ခဲ့တဲ့ရိုက်ကူးရေးဟာ ခုထိသေချာမဖြစ်မြောက်သေးတော့ အားနာနေတဲ့ပုံပဲ။ ပုံမှန်ဆိုရိုက်ကွင်းမှာအမှားလုပ်တာအနည်းဆုံးဖြစ်နေတဲ့ကောင်လေးက အခုနေ့တော့ scene တစ်ခုတည်းကိုပဲ အထပ်ထပ်ခါခါပြန်ရိုက်နေရတာမွန်းတည့်ချိန်ရောက်လုနီးပါး။
"ကိုယ့်ကိုကိုယ်အရမ်းဖိအားမပေးနဲ့
အဆင်မပြေရင် ပြောနော်"နေရောင်အောက်မှာစက္ကူစလေးဖြန့်ထားသလို ဖြူလျှော်နေတဲ့ပုံစံလေးကြောင့် မန်နေဂျာကစိုးရိမ်ကြီးစွာပူပန်နေရတယ်။ ကိစ္စတွေရှင်းပြီးသူ့အိမ်သူပြန်နေတော့မယ့်အကြောင်းပြောလာပေမယ့် ဒီအတိုင်းဆိုတစ်ယောက်တည်းလွှတ်ထားလို့မဖြစ်။ မျက်စိအောက်မှာရှိရင်တောင် ယောန်ဂျွန်းကတစ်ခါတစ်လေ ပြန်မပြောနားမထောင်ကလေးလုပ်ချင်တာ။