ep - 3

5 1 0
                                    

ရောင်ဝါပြတင်းပေါက်မှ ကျလာသည့်‌အလင်းတန်းလေးကြောင့် မျက်လုံးလေးပွင့်လာသည် ချစ်စရာကောင်းအောင်ပြုံးလိုက်ပြီး ချက်ချင်းပင်အတွေးရောက်လာသူက မဟာ သူအကြောင်းတွေးတိုင်းပြုံးမိသည်အလိုလိုပဲ မနက်ထချိန်မှ အိပ်ယာဝင်သည်အထိ သူသာစိုးမိုးထားသည်

ကျောင်းရောက်တာနှင့် အခန်းထဲတွင်  ကြားလိုက်ရသည့်စကားသံအချို့

"ဟဲ့ မဟာနဲ့က ဘာလဲမသိဘူး"

"အေး မနက်ကရောက်က ငါရောက်တော့ သူတို့နှစ်ယောက်တွဲဝင်လာတာတွေ့တာပဲ "

အတန်းထဲကကောင်မလေးနှစ်ယောက်ပြောသည်ကို ရောင်ဝါ ကြားလိုက်ရသည် မဟာနဲ့ တွဲတွေ့လိုက်တာဘယ်သူလဲ
ရောင်ဝါတစ်ယောက်တည်း စဉ်းစားနေချိန် ဟိုနှစ်ကောင်
အခန်းထဲဝင်လာသည် အခန်းထဲဝင်တည်းက လွယ်အိတ်တွေပဲတွေ့ပြီး လူမမြင်ရသေး ခုမှဝင်လာကြသည် နှစ်ယောက်လုံးခုံမှာဝင်ထိုင်ကြပြီး ဘုန်းခန့်က

"ရောင်ဝါမင်းကလည်း ကြာလိုက်တာငါတို့နှစ်ယောက်တောင်
အောက်ကနေခုမှ တက်‌လာတာ "

"အော် ခုလည်း စောသေးတာပဲဟာကွာ "ရောင်ဝါပြောပြီးသည် နှင့်စိတ်ထဲတွင်တော့ ‌စနောက အတန်းထဲကကောင်မလေးနှစ်ယောက်ပြောနေသည့် စကားသံက နားထဲတွင်တဝဲလည်လည် ရောင်ဝါ ‌မေးမည်အလုပ် ဘုန်းခန့်က
စပြောလာသည်

"ရောင်ဝါ မဟာကလည်း မထင်ရဘူးသိလား ဟယျောင် မနက်ကလည်း ရောက်ရောက်ချင်း ကောင်မလေးတစ်ယောက်ရောက်လာတာ အခန်းဝမှာ စကားရပ်ပြောနေတာ
ပြီးတော့အောက်ကို တူတူဆင်းသွားတာဟ"

"ငါကအဲ့တာဘာလုပ်ရမှာလဲကွ"

"အော် ပြောပြတာပါကွာ ကောင်မလေးကအသစ်နဲ့တူတယ် မမြင်ဖူးဘူး"

"ဘုန်းခန့် မင်းလုပ်စရာစာမရှိဘူးလား ငါတို့အကြောင်းမှမဟုတ်တာကွာ"

"မင်းကလည်း ဘာတွေစိတ်တိုနေတာလည်း "

ရောင်ဝါ နဲ့ ဘုန်းခန့်တစ်ယောက်တစ်ခွန်းစကားများနေချိန်
မြတ်ဘုန်းက ဝင်ဟန့်လိုက်သည်

"ကဲတော်တော့ နှစ်ယောက်လုံး ဟိုမှာ ကျောင်းသားတွေလည်းလာပြီ အတန်းစတော့မယ်"

A Flower that was not for meWhere stories live. Discover now