Synopsis ( ဇာတ်လမ်းအကျဉ်း )
Total - 73 chapters (t/n : CRကြမ်းလို့ တရုတ်မူရင်းနာမည်နဲ့ မူရင်းစာရေးသူ နာမည်ဖျောက်ထားတာ တောင်းပန်ပါတယ်ရှင်)
ဩဇာကြီးမားသည့် ထိပ်တန်းအဆင့် စီးပွားေရးသမားဖြစ်ေသာေကြာင့် ချဉ်းကပ်ရခက်ဟန်ေပါက်သော်ငြား၊ စင်စစ်တွင်မူ ချိုမြိန်ဖော်ရွေကာ ငါးစာချပြီး မျှားယူေခါ်ေဆာင်တတ်သော Gong ။
လူအများနှင့် ပေါင်းသင်းဆက်ဆံရာ၌ လိမ္မာပါးနပ်ကာ သူတပါးအပေါ် ထောက်ထားညှာတာတတ်ဟန် ရသော်ငြား ၊ စင်စစ်တွင်မူ ရူးသွပ်မိုက်မဲပြီး သိမ်မွေ့နွေးထွေးသည့် Shou။
အထက်တန်းလွှာမှ မင်းသားနှင့် တရားမဝင်သား။
ကျောက်ရှန်းကောနှင့် ချန်ဝမ်။
ချန်ဝမ်မှာ လူအများနှင့် ပေါင်းသင်းဆက်ဆံရာ၌ ကျွမ်းကျင်လိမ္မာ၏။ အရာရာတိုင်းအား စေ့စပ်သေချာစွာနှင့် အသေးစိတ်ကျစွာ ဆောင်ရွက်တတ်ကာ ယုံကြည်အားထားစရာလည်း ကောင်းလှသည်။ အထက်တန်းလွှာ သခင်ေလးများကြား ရောနှောကျင်လည်လျက် ၊ သူ ရှိနေသော ထိုထိုရပ်ဝန်းတိုင်းအား သက်သောင့်သက်သာဖြစ်အောင် ဖန်တီးေပးနိုင်၏။
စိတ်ရောကိုယ်ပါနှစ်ကာ အရာရာတိုင်းအား စေ့စပ်ေသချာစွာ ဆောင်ရွက်ပေးေသာ်ငြား ကျောက်ရှန်းကောဘက်မှ သူ့အား သဘောကျလာစေဖို့ မေမျှာ်လင့်ခဲ့ဖူးပါ။ ချန်ဝမ်မှာ အမည်နာမလည်း မထိန်ချန်တတ်သလို နာမည်ကောင်းလည်း ဝင်မယူတတ်။ သူ၏ ဖြစ်တည်မှုမှာ အင်မတန်မှ သေးသိမ်မှိန်ဖျော့ကာ ၊ သူ့အား ကျောက်ရှန်းကော သိရှိဖို့ရန်လည်း မလိုအပ်။ တူညီသောအသိုင်းအဝိုင်းထဲ ကျင်လည်ရင်း ၊ အဝေးမှသည် တစ်ကြိမ်နှစ်ကြိမ် လှမ်းမြင်ရရုံနှင့် သူ ရောင့်ရဲတင်းတိမ်ပါ၏။
ချန်ဝမ်၏ သူငယ်ချင်းအရင်းကြီးကမူ သံရိုင်းမှသည် သံမဏိအဖြစ် မပြောင်းနိုင်သော (အဖြစ်မရှိသော) သူ့ဖြစ်အင်ကို ကြည့်ရင်း ရင်နာမဆုံး။
"မင်း ဘာကြံနေတာလဲ"
"ဘာမှ မကြံဘူး"
ချန်ဝမ် ပြုံးလိုက်သည်။ ထိုသူမှာ သူ့မူဝါဒနှင့်သူ ယုံကြည်ချက်ရှိကာ ၊ ဖွင့်ဟပြောပြဖြစ်မည် မဟုတ်သလို ပြောင်းလဲသွားမည်မဟုတ်သည့် ဤတိတ်တခိုးအချစ်အေပါ်ကိုလည်း မယိုင်လဲသော ယုံကြည်မှုမျိုး ရှိ၏။

YOU ARE READING
ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] [ Completed ]
Romance"ချန်ဝမ်...ကိုယ် မီးခြစ် ယူမလာခဲ့ဘူး"