နောက်တစ်နေ့ မနက်မှာ အိမ်တံခါး bellတီးသံကြောင့်နဲ့ တံခါးဖွင့်လိုက်မိချိန်မှာတော့ တင်းထားသမျှဟာ ကပိုကယိုနဲ့ အကုန်ပျိုကျ ခဲ့ရတယ်။"အကို..."
Shirt ကြက်သွေးရောင် အပွလက်ရှည်နဲ့အကိုက တံခါးရှေ့မှာ ရပ်မှာ ဘာမှမဖြစ်ခဲ့ကြသလို သွားစွယ်လေးတွေပေါ်လာတဲ့အထိ...လခြမ်းပုံ မျက်လုံးလေးတွေကွေးသွားတဲ့အထိ ပြုံးပြလာတယ်... ငါဟာ အခိုက်တန့်တစ်ခုစာ ငေးစိုက်လို့ကောင်းနေတုန်းဘဲ... ဒီယောက်ျားရဲ့အပြုံးချိုချိုတွေ က မနေ့က တခြားတစ်ယောက်ကို ပြုံးပြတာနဲ့ တူနေပါရက် ဘာလို့ဒီမျက်လုံးတွေမှာ မနေ့က အမကို ကြည့်သလိုမျိုး ချစ်မြတ်နိုးမှုတွေ မပါဝင်နေရတာလဲ.... ဘာလို့လဲ...ဘာလို့လဲ...ဆိုတဲ့ အတွေးတွေမဆုံးခင်မှာ ငေးစိုက်နေရင်း မျက်ရည်တွေက အပြေးအလွှားနဲ့ ခုန်ဆင်းလာခဲ့တယ်။အကိုက ချက်ချင်းစိုးရိမ်ကြီးစွာနဲ့ ငါ့ပုခုံးတွေကို ကိုင်လို့မေးလာတယ်။
" ဟေး... ဘာလို့ငိုတာတုန်း...ဘာဖြစ်လို့တုန်း..."
ဒီစကားကို အကိုက သူဘာမှမလုပ်ထားသူလို။အပစ်မရှိတဲ့လူတစ်ယောက်လို အကိုကမေးလာခဲ့တာ။ရက်စက််လိုက်တဲ့ အကို လို့မပြောထွက်ခဲ့ဘူး။ဘာလို့လဲ။တကယ်ဆို " အကို ညီမကို ဘယ်လိုသဘောထားနေတာလဲ ညီမတို့ ဆက်ဆံရေးက ဘာလဲ..." ဒီလို စကားတွေ နဲ့ ရင်ဘတ်တွေကို ထုရိုက်မေးလိုက်လို့ရရဲ့နဲ့ ။ ဘာလို့ ဒီလိုကျက်သရေ တစ်စက်မှမရှိတဲ့ မျက်ရည်တွေကတပေါက်ပေါက်နဲ့ ကျလာခဲ့ရတာလဲ...
ငိုနေတာမဟုတ်ဘူး...ညီမ ငိုနေတာ တကယ်မဟုတ်ပါဘူး။ညီမရင်ဘတ်ထဲက နာကျင်လွန်းလို့ ဖြစ်လာတဲ့ ခန္ဓာကိုယ်ရဲ့အကျိုးဆက်တွေပါ။ညီမလဲ ဒီလိုမငိုနေချင်ပါဘူး အကိုရာ...
"မငိုနဲ့တော့ တိတ်တိတ်... အကိုရှိတယ်နော်... "
ဒီစကားနဲ့ အကိုက သူ့ရင်ခွင်ထဲ ဆွဲထဲ့ပြန်တယ်။
အဲ့အချိန်မှာဘဲ... ငါ့ကမ္ဘာဟာထပ်ပြီး ရပ်တန့်သွားပြန်တယ်။ထပ်ပြီးတော့...ငါက "အကိုရှိတယ်နော်"ဆိုတဲ့စကားနဲ့ ထပ်ပြီး နစ်မြုပ်သွားရပြန်တယ်...ညီမက ဦးနှောက်မပါတဲ့စာခြောက်ရုပ်လေးနဲ့ တူတယ်။ဒီနေရာမှာ ပိုင်ရှင်က ထားရင် ဒီနေရာမှာ မိုးရွာရွာ နေပူပူ ရပ်နေတဲ့ စာခြောက်အရုပ်လေးလိုမျိုး။လူတွေက အကျိုးအမြတ်အတွက် အသုံးချနေတယ်ဆိုတာတောင်...သူမသိရှာတဲ့ အရုပ်ငယ်လေးလို....