လွမ်းဖျား လွမ်းနာဆိုတာ ရယ်စရာတော့ကောင်းတယ်။ဆေးခန်းပြလို့ရယ်လဲမရ။မယ်မယ်ရရ အမည်တပ်စရာလဲမရှိပါဘဲ... အချိန်တစ်ခု တိုင်ပင်တစ်ခုမှာမှ တိုက်တိုက်ဆိုင်ဆိုင် ထပြီး ငိုကျွေးတာမျိုးလား...
"လွမ်းတယ်..."
ဒီနေ့ရဲ့ ၁၂ခေါက်မြောက် ရွတ်ဆိုမိတဲ့ စကားတစ်ခွန်း...ရာသီဥတု နှစ်ခုသာပြောင်းလဲသွားတယ်။ပေါ်မလာတဲ့လူတစ်ယောက်လဲရှိတယ်။စောင့်နေပါမပြောပေမယ့် ဘာယုံကြည်ချက်နဲ့ ခေါင်းမာနေသလဲတော့မပြောတတ်ဘူး။
လိုင်းပေါ်မှာ မီးစိမ်းနေကြတာချင်းတူပေမယ့် စကားလဲ မပြောဖြစ်ကြဘူး။အချင်းချင်းလဲ reactမပေးဖြစ်ကြဘူး။အကိုကတော့ သူ့ပုံမှန်အတိုင်း သာမန်နေ့တွေကိုလည်ပတ်နေပုံပါဘဲ။
အကိုက တောင်တန်းတွေလို တည်ငြိမ်နေသမျှ ညီမက တိမ်စိုင်တွေလို တစ်စစီ ပြိုလဲကြေကွဲရတယ်။အကိုက နေတတ်တယ်။ပြီးတော့ နေလဲနေနိုင်တယ်။
မွန်းကြပ်လွန်းတဲ့နေ့တွေဆို ချင်းမိုင်လမ်းတွေက သိပ်အထီးကျန်ဖို့ကောင်းတယ်။ပြီးတော့ တစ်ခါလောက်ဖြစ်ဖြစ် လှည့်မကြည့်ခဲ့တဲ့ ယောက်ျားတစ်ယောက်ကိုနင့်နင့်နဲနဲ တစ်ခါလောက်တွေ့ချင်တယ်။စကားတွေပြောချင်တယ်။ပြီးတော့ ဒီလောက်ထိ ချစ်ခဲ့မိတယ်ဆိုတာတွေ မြင်အောင်လဲ ပြောပြချင်တယ်။
အကိုက ဆုတောင်းကောင်းသလောက် ညီမက ဆုတောင်းမှားခဲ့ရတယ်။ရင်တစ်ခုလုံးစုတ်ပြတ်သတ်နေတဲ့ နေ့ရက်တွေမှာတောင် အကိုဆိုတဲ့စီးကရက်ကို ရှိုက်မှ နေသာထိုင်သာ ရှိတဲ့ စွဲလန်းခြင်းတရားတစ်ခုလိုမျိုး အကိုက ညီမအတွက် ဝဋ်ကြွေးလေးသိပ်လှခဲ့တာ။
အစထဲက အမြဲတမ်းအတွက်မဟုတ်ခဲ့ရင် မနူးညံ့ မကြင်နာပေးခဲ့ဖို့၊မနွေးထွေးပေးခဲ့ဖို့ ပြောလို့မှီလိုက်ခဲ့ရင်ကောင်းရဲ့သားနဲ့... မမှီလိုက်ခဲ့ဘူး....
ခုတော့ ဒီနူးညံ့ငြင်သာမှုတွေမှာ ညီမက ပြတ်ရှရာကြီးကြီးမားမားနဲ့ နစ်နာသူဖြစ်ခဲ့ရတယ်။
နွေးထွေးမှု ကြင်နာမှုတွေမှာလဲ သက်တမ်းရှိပုံရတယ်နော်။ခုတော့ သူစိမ်းက သူစိမ်းပါဘဲ။
အကိုဝင်ရောက်ခဲ့တဲ့ အခိုက်အတန့်လေးက လေပြေလေးတွေလိုဘဲ။ခဏလောက်တစ်ချက် ချင်းမိုင်ထဲ ဝင်ခဲ့သလိုမျိုး.... ပြီးသွားတော့ အစအနက အစ အကုန်ပျောက်ကွယ်သွားခဲ့တာ...အကိုက လေပြေလိုမျိုး....သူစိမ်းလိုမျိုးးး....