3

16 1 0
                                    

ထုံထိုင်းနေတဲ့ စိတ်အစဉ်‌နဲ့ ဘယ်အချိန်အထိ အမှောင်ထုထဲ နစ်ဝင်နေခဲ့လဲ မသိဘူး။အိပ်မက်လိုလို တကယ်လိုလိုနဲ့ အကို့ကျောပြင်က ငါနဲ့ဝေးလိုက် နီးလိုက်... အကို့လက်ကို လှမ်းဆွဲပေမယ့် ငါမမှီလိုက်ဘူး.... အကိုက အိပ်မက်‌ထဲမှာတောင် ငါ့ဆီမှာ မချုပ်နှောင်ခံချင်တဲ့သူပါဘဲ...

မျက်ရည်စတွေနဲ့ မျက်လုံးတွေကို အတင်းအားပြုဖွင့်ပြီး ထထိုင်တော့ အခန်းတံခါးဖွင့်ဝင်လာတဲ့ အကိုနဲ့ဆုံတယ်။အကိုကလဲ အံ့ဩသလို ကြည့်ရင်း ငါကလဲ အံ့ဩသလို ပြန်ကြည့်ရင်း....

အကိုက ငါသေချာ ထိုင်နိုင်အောင် ကုတင်ပေါ်မှာ အခြေချပေးပြီး ဘေးက ခုံမှာဝင်ထိုင်တယ်။သူနဲ့အတူ ပါလာတာက ပူပူ‌နွေးနွေးစွတ်ပြုတ်တစ်ပန်းကန်။

အကိုက ငါ့ရဲ့ပျော့ညံ့စွာ ပြိုလဲနေတဲ့ ပုံစံတွေကို တိုက်ရိုက်မြင်နေရတဲ့သူဘဲ။အကိုဘယ်လောက်တောင်စိတ်ပျက်နေလိမ့်မလဲ မတွေးတောင်မတွေးကြည့်နိုင်ခဲ့ဘူး။အကိုက သက်ပြင်းအရှည်ကြီးချတယ်။ပြီးတော့...

"အကိုသာ မနေ့ညက အိမ်တံခါးကို ဖွင့်မဝင်လာခဲ့ရင် ခုချိန် ညီမကိုဘယ်လိုပုံစံနဲ့ မြင်ရမလဲဆိုတာ အကိုတွေးတောင်မတွေးရဲဘူး။"

လက်ခုံက ပလာစတာ ကို ဘဲ ‌ငူငူငိုင်ငိုင်ကြီး ကြည့်မိနေရင်း ဝမ်းနည်းတဲ့စိတ်အခံက ရင်ဝကို လှိုက်တက်ဆောင့် လာတယ်။ဒီလောက်ဆိုရင် ဆရာဝန်ရောက်လာခဲ့ပြီးပြီဘဲ။အကိုအတော်ပြာယာ‌ခတ်သွားလောက်မလား...
ငါတစ်ခုခု ဖြစ်သွားမှာကို အထိတ်အကန် စိုးရွံ့နေခဲ့လိမ့်မလား....

"သာမန်အားနည်းတာပါ။အရင်ထဲက အဲ့အတိုင်းဘဲ။သွေးပေါင်က အမြဲ မပြည့်နေတာ။ကိုယ်ခံအားနည်းတဲ့အချိန်နဲ့တိုက်ရင် ခုလိုshock ဖြစ်နေကျပါဘဲ။အကိုပြန်လို့ရပြီ။ကျေးဇူးလဲတင်ပါတယ်။"

ပြောပြီးတာနဲ့ စောင်ကိုဖယ်ပြီး ဒီအခြေနေကြီးထဲက ရုန်းထွက်ဖို့ ကြမ်းပြင်ကို ခြေလှမ်းပေမယ့် အားနည်းတဲ့ ခန္ဓာကိုယ်ကြောင့်နဲ့ဘဲ အကိုက ပြန်ထိန်းပေးပြီး သူ့ရင်ခွင်ထဲ ပြန်ထဲ့ဖက်ထားခဲ့တယ်။ရုန်းတယ်။အကြောက်အကန်ကို ရုန်းကန်မိတယ်။အကိုက မလွှတ်ပေးဘဲ ဆက်တိုက် ကိုတင်းတင်းကြပ်ကြပ်ဖက်ထားနေတုန်းဘဲ။ရုန်းမရတဲ့နောက် ငိုတယ်။ရှိုက်ကြီးတငင်ငင်ကို အော်ငိုမိတာ။

To The Bone...Where stories live. Discover now