part_1

1K 53 34
                                    

အပိုင်း_၁

....

"မင်ဂယူ-! အွန့်!...အင်း...အာ့"

နှုတ်ခမ်းတွေထပ်တူညီစေပြီးမှ မြောင်ဟိုအနည်းငယ်ကြောက်ရွံ့သွားသည်။ သူက မြောင်ဟို့ရဲ့ဆယ့်သုံးနှစ်အရွယ် နှလုံးသားကိုလှုပ်ကိုင်သွားခဲ့တဲ့ အချစ်ဦး။ သူ့မှာ မြောင်ဟိုတစ်လောကလုံးနဲ့မလဲနိုင်လောက်တဲ့ ပျော်၀င်ရခြင်းအကြောင်းအရင်းတွေရှိနေတယ်။
လွန်ခဲ့တဲ့ ၈နှစ်တုန်းက မြောင်ဟို စီနီယာတန်းတတိယနှစ်မှာ သူမြောင်ဟိုတို့ကျောင်းကိုပြောင်းလာခဲ့တယ်။

လွန်ခဲ့သောရှစ်နှစ်က...

အများနဲ့မတူတဲ့ လူမျိုးခြားလေးမို့ အားလုံးကသူ့ကို ကွက်ကြည့်ကွက်ကြည့်ဖြစ်ခဲ့ကြတယ်။ သေချာတာပေါ့ အဲ့ထဲမှာ မြောင်ဟိုလည်းပါခဲ့တယ်။

ကျောင်းပထမနေ့မှာ စီနီယာတွေရဲ့နှုတ်ဆက်ပွဲလုပ်ကြတော့ မြောင်ဟိုတို့ကျောင်းသားတွေ အတန်းထဲမ၀င်ရသေးပဲခန်းမထဲမှာ တန်းစီရပ်ကြရတယ်။ သူဟာ မြောင်ဟို့ညာဘက်မျက်လံုး‌ေထာင့်ကနေရာကို ရောက်လာခဲ့တယ်။
သူကအရပ်ရှည်တယ်၊ညိုပြီးခန့်တယ် ပြီးတော့ သူ့မှာ အစွယ်လေးတွေရှိတယ်။ သူမြောင်ဟို့ကို လှမ်းပြုံးပြတဲ့အချိန်တွေဆို မြောင်ဟို့အသည်းတွေပြုတ်ကျသွားသလိုပဲ ရင်ထဲမှာ လစ်ဟာသွားပြီး ခန္တာကိုယ်က ဖိန်းတိန်းတိန်းဖြစ်ဖြစ်သွားရတယ်။ အဲ့ဒီနေ့က သူ့ကိုပထမဆုံးတွေ့ခဲ့ရပြီး အဲ့မြင်ကွင်းနဲ့အဲ့မှတ်ဉာဏ်တွေက မြောင်ဟို့ဘ၀ရဲ့အကြီးမားဆုံးအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့တယ်။

"ဂင်မင်ဂယူပါ ကိုးရီးယားကလာတာ ရှေ့လျှောက်အကူညီတောင်းပါတယ်"

မိခင်ဘာသာစကားနဲ့အရင်မိတ်ဆက်ပြီးမှ တရုတ်လိုတစ်ဖန်ပြန်မိတ်ဆက်တဲ့သူ့ကို အတန်းသားတွေကလည်း ဖော်ဖော်ရွေရွေကြိုဆိုတယ်။ သူဟာ ရွန်းရွန်းဝေစွာပြုံးပြလို့ အားလုံးနဲ့ရင်းနှီးမှုယူလေတယ်။

သိပ်ကိုတက်ကြွပြီးလူချစ်လူခင်ပေါတဲ့သူက မြောင်ဟို့လိုမဟုတ်ပဲ အားကစားမှာထူးချွန်တယ်။ ဒါပေမယ့်သူကသိပ်ကိုဆိုးတယ်ပြောရမလား ရည်းစားပွေရှုပ်တယ်။ ဂျူနီယာတန်းနဲ့တစ်လှည့် စီနီယာတန်းနဲ့တစ်လှည့် မိန်းကလေးတွေကို သူအလှည့်ကျတွဲတယ်။ အားလုံးကလည်းသူ့ကိုအားကျကြပြီး အခင်အမင်လည်းပျက်သူမရှိခဲ့ဘူး။ သူဟာ မြောင်ဟိုနဲ့ဆန့်ကျင်ဘက်လူနေမှုတစ်ခုမှာ ရှိနေခဲ့တယ်။ ထိုအချိန်က မြောင်ဟို့မှာ သူငယ်ချင်းမရှိသလို စာတော်လို့ လူမုန်းများရတဲ့မြောင်ဟို့အတွက်က နေ့တိုင်းကတစ်ယောက်တည်းပဲ။
အဲ့လိုပဲ မြောင်ဟိုသူ့ကို အကြိမ်ကြိမ်ခိုးကြည့်ခဲ့မိတယ်။ သူပြုံးပုံ၊သူရယ်ပုံ၊ လက်ဟန်ခြေဟန်နဲ့သူစကားပြောတတ်ပုံ နောက်ပြီး စည်းကမ်းမလိုက်နာလို့အပြစ်ပေးခံရတိုင်း ဆရာကိုအကြောင်ရိုက်ပြီး တိတ်တိတ်လေးမုန့်ဈေးတန်းဘက်ကို ပြေးထွက်သွားတတ်တဲ့ စပ်ဖြီးဖြီးအဲ့မျက်နှာ....။
အရာအားလုံးဟာ မြောင်ဟို့အတွက် ကြည်လင်ပြတ်သားတဲ့မှတ်ဉာဏ်တစ်ခုအဖြစ်ရှိနေတယ်။ ပြေးတဲ့လွှားတဲ့အချိန် ယိမ်းညွန့်သွားတတ်တဲ့ သူ့ဆံနွယ်လေးတွေ၊ ပေါက်ကရကစားနည်းတွေကိုအတူဆော့ကြဖို့ အတန်းသားတွေကိုအဖော်ညှိမဲဆွယ်တဲ့ သူ့ရဲ့စကားတတ်မှုလေးတွေ...အရာအားလုံးပဲ။ ဒါတွေက မြောင်ဟို့ဆယ်ကျော်သက်ဘ၀အတွက် အလုံလောက်ဆုံးအမှတ်တရတွေပဲ။ ‌မြောင်ဟိုသူ့ကိုတွေ့နေရရင်ပျော်တယ်။

Boneless FriendshipWhere stories live. Discover now