အပိုင်း_၅
.....
လူတွေဟာသူတို့သဘောကျတဲ့တစ်စုံတစ်ယောက်ကိုခွင့်လွှတ်ချင်လာရင် လူသားတိုင်းမှာ အပြစ်အနာဆာရှိတတ်ကြတာပဲလို့ ဖြည့်တွေးရတယ်တဲ့။ မြောင်ဟိုလည်းထို့နည်းတူပါပဲ။ မင်ဂယူဆိုတဲ့အမည်နာမနဲ့သူ့ကို အမြဲအပြစ်မမြင်ရက်တာ စတွေ့တည်းကပဲ။
"မင်ဂယူ မင်းမနေ့ကဘယ်မှာအိပ်တာလဲ"
ကိုယ်ရံတော်ပီပီ အဖြူရောင်ရှပ်လက်ရှည်ကို တစ်၀က်ခေါက်ထားပြီး ဆိုဖာမှာဖြစ်သလိုကျောမှီထိုင်နေတဲ့သူ့ကို မြောင်ဟိုမေးလိုက်တော့ သူဟာ ခပ်ပြုံးပြုံးနဲ့မော့ကြည့်လာတယ်။ထို့နောက်ပြောလာတဲ့စကားက ဘယ်လောက်စိတ်တိုချင်စရာကောင်းလဲ..
"မင်ဟောင်ငါ့ကို စော်လေးတွေတရုန်းရုန်းနဲ့ထွက်အိပ်မှာကြောက်နေတာလား"
"ငါကရူးနေလို့လား။ တော်ပြီ မဖြေချင်မဖြေနဲ့..."
အဲ့အတိုင်းေမြာင်ဟိုလှည့်ထွက်မယ်ကြံလိုက်မှ အနောက်ကနေ လက်ကိုလှမ်းဆွဲထားပြီးပြောလာခဲ့တယ်။
"ငါဖြေခ်င်ပါတယ်။ အားလုံး၊ အစကနေအဆုံးထိ"
"စကားကိုဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ခွင့်တစ်ပိုင်းယူသွားပြီး ရုတ်တရက်ပျောက်သွားတဲ့ကိစ္စကိုရှင်းပြတာလိုချင်တယ်"
"အံမယ် အမိန့်လား"
"ဟုတ်တယ် အမိန့်..ပြော အခု"
"ပြုံးပြ"
"ဘာ..."
"အခုနှုတ်ခမ်းဆူနေတာ ငါ့ကြောင့်မလား၊ အကုန်ရှင်းပြမှာမလို့ ပြုံးပြပါဆို"
"မင်ဂယူ!..မင်းစိတ်မှန်သေးရဲ့လား"
"အိုခေအိုခေ၊ ပြောမယ်"
"ပြောမြန်မြန်"
သူဟာဘယ်လိုလူလည်ကျလဲဆို မြောင်ဟိုသူ့ထံကစကားကိုစောင့်နေမှန်းလည်းသိရော တမင်မပြောပဲ အချိန်ဆွဲနေသည်လေ။ မြောင်ဟိုနဲ့သူ ဒါတွေမဖြစ်တာပဲ။ သူဟာမြောင်ဟို့ရဲ့အအေးခံထားတဲ့ဒေါသကို မီးလာလာမြှိုက်တဲ့လူစားမျိုး။
"မင်းပြောမှာလားမပြောဘူးလား"
" ဒါပေမယ့် မင်ဟောင်။ အဲ့တာက ငါ့ကိုယ်ပိုင်ချိန်မဟုတ်ဘူးလား ငါမင်းဆီကခွင့်ယူထားပြီးပြီးလေ ပြောပြဖို့လိုသေးတာလား"