part_7

261 41 17
                                    

အပိုင်း_၇

.....

"မင်ဟောင် ကိုယ်တို့သွားရအောင်လေ"

နီစွေးစွေးကောင်ကင်ကိုမော့ကြည့်လျှက် ဂျွန်ဟွေ့ကောရဲ့ ခေါ်ဆောင်ရာနောက် မြောင်ဟို လိုက်ပါသွားခဲ့ရပြီ။ မိဘချင်းရဲ့သဘောထားကြောင့် မြောင်ဟို့အနေနဲ့ ကောကို ဘ၀လက်တွဲဖော်အဖြစ် ထားရှိရန် ငြင်းပယ်မှာမဟုတ်သလို၊ ကောမှာ မြောင်ဟိုငြင်းရလောက်တဲ့ထိ အားနည်းချက်တစ်စုံတစ်ရာလည်းမရှိခဲ့ဘူးမဟုတ်လား။
ဖြစ်ပျက်သွားတဲ့မှားယွင်းတွေ့ဆုံမှုတွေကြား မြောင်ဟိုတို့ကာယကံရှင်‌သံုး‌ေယာက်ထဲက တစ်စုံတစ်ဦးပဲဖြစ်ဖြစ် ပျော်နေမှဖြစ်မယ်လေ၊ အဲ့တစ်စုံတစ်ဦးက ကောဖြစ်နေမယ်ဆိုရင်လည်း သင့်တော်ပါတယ်။

"မင်ဟောင်..."

ဒီနာမည်ကိုကြားရတိုင်း အသည်းထဲကပန်းထွက်လာတဲ့သွေးတွေက ပါးစပ်ကပြန်အန်ထွက်လောက်တယ်မို့ မြောင်ဟို သိပ်ရင်နာတာပဲ။

"ကော...။ မြောင်ဟိုလို့ခေါ်ပေးပါ ကျေးဇူးပြုပြီး..."

အားတော့နာပါရဲ့ ဒါပေမယ့်လည်းမပြောမဖြစ်လို့ ပြောထွက်ခဲ့ရပြီ၊ မဟုတ်ရင် မြောင်ဟို့တစ်ဘ၀လုံး ဒီနာမည်ကြားတိုင်း ရှင်လျှက်နဲ့ သေလောက်အောင် နာကျင်နေမိမှာ။

အချစ်ဆိုတာ ‌ကြည်နူးဖို့ကောင်းတယ်မဟုတ်လား။ သူ့ကိုငေးရရင် ရင်ခုန်နေပြီး သူ့ကိုတွေ့ရရင် ပြုံးနေမိမယ်၊ သူအနားမှာရှိတဲ့အခါ လုံခြုံလာပြီး သူမရှိတဲ့အခါ သတိရမယ်။ အဲ့ခံစားမှုထက်ကျော်လွန်ပြီး လူကိုနာကျင်စေပြီဆိုရင်တော့ ဒါကိုအချစ်လို့မြောင်ဟိုမသတ်မှတ်ချင်တော့ဘူး။ တစ်စုံတစ်ဦးကြောင့် ကိုယ့်မှာနာကျင်ရပြီဆို အဲ့တာဟာ ကိုယ့်ရဲ့စွဲလမ်းမှုကြောင့်ပဲဖြစ်ပါလိမ့်မယ်။ အချစ်က ဘယ်သောအခါမှ နာကျင်စေမှာမဟုတ်လို့။

......

📲Weddingအတွက် ဂုဏ်ယူပါတယ် မင်ဟောင်📲

နာမည်ကျော် စာရေးဆရာတစ်ဦးရဲ့ ငယ်ချစ်နဲ့လက်ထပ်မယ်ဆိုသော သတင်းက အကြိုပျံ့နှင့်နေတော့ အီဒိုဂယောင်းလည်း တွေ့သွားတယ်ထင်ပါတယ်။ မြောင်ဟို့ဆီကို ရောက်လာတဲ့စာလေးတစ်စောင်ကြောင့် ကျေးဇူးတင်ကြောင်းပြန်ပြောလိုက်မိတယ်။

Boneless FriendshipWhere stories live. Discover now