part_6

289 35 22
                                    

အပိုင်း_၆

...

ဂျွန်ဟွေ့ကော မပြန်ခင် တစ်ပတ်လုံး မြောင်ဟို့အိမ်ကို သူရောက်မလာခဲ့ဘူး။ သေချာတွေးကြည့်တော့ သူ့မှာမိသားစုလည်းရှိတော့တာမဟုတ်ဘူးလေ၊ ဒိုဂယောင်းအိမ်မှာ သွားနေနေမလား ဒါမှမဟုတ်သူ့အကျင့်အတိုင်း လောင်းကစားဝိုင်းတစ်ခုခုမှာ ဖင်မကြွပဲထိုင်နေလိမ့်မလား မြောင်ဟိုစဉ်းစားရခက်တာပါပဲ။ ဒါပေမယ့်လည်း သူဟာဂင်မင်ဂယူပဲလေ ‌စိတ်ပူစရာ‌ေတာ့မရှိပါဘူး။

"ကော လေယာဉ်ချိန်လိုသေးတယ် တစ်ခုခုစားကြမလား"

"အွန်း မင်ဟောင်သဘော"

"ဆိုင်ကြီးတွေကတော့ ဘွတ်ကင်ချိတ်ဖို့မမှီတော့ဘူး လမ်းထိပ်က နာမည်ကြီးတဲ့ဆွပ်ပြုတ်ဆိုင်တော့ရှိတယ် သွားမလား"

"သွားကြတာပေါ့။

ခရီးသွားပီပီကျောပိုးအိတ်တစ်လုံးသာထည့်လာတဲ့ ဂျွန်‌ေဟွ့ကောက အ၀တ်စား များများစားစားမပါတာမို့ အပြန်ကျ၀တ်ဖို့ မြောင်ဟိုအ၀တ်တွေငှားလိုက်ရတယ်။ အဲ့အစား ကောက မြောင်ဟို့ကို မုန့်ဖိုးလောက်လေလာက်ငှငှပေးခဲ့တယ်လေ။

"ကုန်ရင်ထပ်တောင်းနော် မင်ဟောင်၊ မဆက်သွယ်ပဲနေတာကြာလို့ မဆက်သွယ်ရဲပဲမနေနဲ့ဦး။ ကောကအမြဲစောင့်နေပြီးသား သိတယ်မလား"

"ကျွန်တော်သိပါတယ်"

"အစားကိုလည်းကောင်းကောင်းစားဦး မင်ဂယူရှိတော့ သေချာချက်ကျွေးမှာပါ"

"ကောကသူ့ကိုဘာယုံနေတာလဲ သူက သူကြိုက်တာပဲချက်တာ ကျွန်တော်ကြိုက်တာချက်ကျွေးတာမဟုတ်ဘူး"

"မင်ဟောင်ကဘာကြိုက်လို့လဲ။ ကောမပြန်ပဲ မင်ဟောင့်ကိုထမင်းချက်ကျွေးဖို့ နေခဲ့ရမလား"

"ကျွန်တော်ကလေးမဟုတ်တော့ပါဘူး"

"မျက်စိအောက်တင်ကြီးပြင်းလာတဲ့ကလေးကို လူကြီးအဖြစ်မြင်ကြည့်ရတော့ အပိုင်သိမ်းချင်တာပဲသိတယ်။ မင်ဟောင်က ကောအပိုင်ဖြစ်ပေးနိုင်လို့လား"

ဘေးချင်းကပ်လျှောက်ရင်းပြောလိုက်တဲ့စကားကြောင့် မြောင်ဟိုခြေလှမ်းလေး နှေးကွေးသွားမိတယ်။ သက်တမ်းရဲ့ သုံးပုံတစ်ပုံကိုရောက်လာခဲ့ပြီမို့ မြောင်ဟို အရာရာမှာ ချင့်ချိန်တွေး‌ေ‌တာနေဖို့အချိန်အများကြီးမဖြုန်းသင့်တော့ဘူးဆိုတာ အတွေ့အကြုံတွေကနေတစ်ဆင့် သိလာခဲ့ရတယ်။ ထပ်ပြီး လြဲမယ့်လမ်းတွေကို စမ်းတမ်းတမ်းမလျှောက်ချင်တော့တာ အမှန်ပါပဲ။ အေးဆေးတည်ငြိမ်တဲ့ ကိုယ်ပိုင်ဘ၀လေးတစ်ခု၊ ကိုယ်ပိုင်မိသားစုလေးတစ်ခု၊ ဒါဟာမြောင်ဟိုတောင့်တနေမိတဲ့ အရာတွေ။

Boneless FriendshipWhere stories live. Discover now