part_4

383 38 10
                                    

အပိုင်း_၄

....

မြောင်ဟိုနဲ့မင်ဂယူဟာ ကပ်သီးကပ်ဖဲ့နိုင်တဲ့လူတွေမဟုတ်တာကြောင့် အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို သေချာခွဲခြားထားနိုင်ခဲ့တယ်။ အထူးသဖြင့် မြောင်ဟိုဟာ သူနဲ့မင်ဂယူ့ကြားက စည်းကို ခပ်ထင်းထင်းခြားနားထားခဲ့တာကြောင့်လည်း မင်ဂယူ ရှေ့တိုးလို့မရခဲ့ခြင်းပဲ။

.......

📞"သူတို့ဘက်က ၁၂နာရီမတိုင်ခင်လိုချင်တယ်တဲ့ မြောင်ဟို"📞

"ငါ့ဘက်က အဆင်မပြေနိုင်ဘူးလို့ပြောလိုက်"

📞ငါပြောခဲ့ပေမယ့် သူတို့က မင်းနဲ့ပဲတိုက်ရိုက်ပြောချင်နေတယ်📞

မြောင်ဟိုနေမကောင်းဖျားနာနေတာကြောင့် အိမ်ထဲကနေပဲ အလုပ်တွေကို လုပ်နေခဲ့ရတယ်။ အရေးကြီးချိန်းဆိုမှု‌ကိုတော့ မဖြတ်ချင်တာမို့ မင်ဂယူ့အား အစားလွှတ်ထားခဲ့တာဖြစ်တယ်။ မြောင်ဟိုသိပါတယ် သူဟာ မြောင်ဟို့အလုပ်တွေကို အကောင်းဆုံးဖြေရှင်းပေးနေခဲ့မယ်ဆိုတာ။

"ကောင်းပြီ ငါလာမှာမလို့ မင်းလာခေါ်ပေး"

📞ကောင်းပြီ📞

‌နှဖူးထက်ကအဖျားကျပလာစတာကို ခွာချ၍ မြောင်ဟို ရေချိုးခန်း၀င်လိုက်ရတယ်။ ရေနွေးစပ်ပေးမယ့် သူမရှိတော့ ရေအေးနဲ့ပဲဖြစ်သလိုချိုးကာ ‌သူလာခေါ်မှာကို စောင့်နေခဲ့မိတယ်။
မိနစ်သုံးဆယ်လောက်နေတော့ သူရောက်လာပြီး တွေ့တွေ့ချင်း မြောင်ဟို့နှဖူးကို အရင်စမ်းတယ်။ မြောင်ဟိုမညာပါဘူး သူ့ရဲ့အထိအတွေ့ကြောင့် မြောင်ဟိုပျော်၀င်နေမိတယ်ဆိုတာ။

"ဖျားနေသေးတာပဲမြောင်ဟို။ အပြန်ကျ ဆေးခန်း၀င်ကြရအောင်"

"အင်း မင်းသဘောပဲ"

"ဖြည်းဖြည်းတက်"

ကားအနောက်ခန်းမှာ သက်သောင့်သက်သာ၀င်ထိုင်လိုက်ပေမယ့် မြောင်ဟို့မျက်ခမ်းသားတွေဟာ ပူစပ်လို့နေတာကြောင့် အနည်းငယ်နီရဲနေတယ်။ ခပ်နွေးနွေးကိုယ်အပူရှိန်ဟာလည်း အမဲရောင်ဂျာကင်ကိုကျော်လွန်၍ ဘေးကလူကို လှမ်းဟပ်နေခဲ့တယ်။

Boneless FriendshipWhere stories live. Discover now