အပိုင်း၁

2.7K 29 0
                                    

'ရာရာ...ရာရာ....ထတော့ကွယ်...စာမေးပွဲအောင်ထားတာသူငယ်ချင်းတွေနဲ့လျှောက်လည်ပါလား။'

အိတ်ပုတ်ပျင်းနေလို့ရာရာတစ်ယောက်အိပ်ယာမထတာတော့မဟုတ်။သူ့လိုအနှိမ်ခံရတဲ့သူအတွက်သူငယ်ချက်းလည်းမရှိသလိုအပြင်ထွက်လည်ဖို့ခေါ်မယ့်သူလည်းမရှိပါ။အမြဲလိုလိုအဖွားဖြစ်သူကဘဲဂရုစိုက်မှုအပြည့်ပေးရသည်။

'အဖွားလည်းသိတာဘဲ...ဘာလို့များမသိယောင်ဆောင်နေရတာလည်း။သမီးကိုဘယ်သူကအရေးတယူအဖက်လုပ်ဖူးလို့လည်းအဖွား။'

'ရာရာလေး....အချိန်တန်ရင်သူငယ်ချင်းအစစ်အမှန်ပိုင်ဆိုင်လာမှာပါ။ဒါတွေကြားအပေါင်းအသင်းမမှားစေနဲ့ပေါ့'

'စိတ်မပူပါနဲ့ဖွားရဲ့....'

'သြော်...ဒါနဲ့လေ...သက်ခိုင်ဖုန်းဆက်တယ်သမီး....သူ့သားနိုင်စစ်သဝဏ်လည်းသမီးနဲ့တူတူဘဲအောင်မလား...'

'ဟုတ်တယ်ဖွား....'

'ေအ..အဲဒါသူ့သားအတွက်ဂုဏ်ပြုပွဲလုပ်ပေးမလို့ဖိတ်တာတဲ့။ဖိတ်စာလည်းကိုယ်တိုင်လာပေးပါ့မယ်တဲ့'

'အဖွားဘဲသွားပါ...သမီးအိမ်စောင့်ကျန်ခဲ့မယ်...'

'လူငယ်တွေတော်တော်များများရှိမယ့်ပွဲကိုဖွားလိအြသက်ကြီးတဲ့အဖွားကြီးကဘာသွားလုပ်ရမာတုန်း...'

'သမီးနေည့သူတို့လိုလူကုံထုံတွေကြားမသွားချင်ဘူးအဖွားရယ်။သိမ်လည်းမသိမ်ငယ်ချင်ဘူး'

ဒေါ်သက်ခိုင်တို့မိသားစုနဲ့ရာရာလေးရဲ့မိဘနဲ့ကအလွန်ရင်းနှီးခဲ့ကြတာ။ရာရာ့မိဘတွေဆုံးပြီးတာတောင်အခုထိမမေ့သေးဘဲရာရာတို့မြေးဖွားကိုဂရုစိုက်ပါတယ်။ဒေါ်သက်ခိုင်တို့ကချမ်းသာတဲ့မိသားစုတွေပေါ့။ရာရာတို့ကတော့မိဘတွေထားခဲ့တာလေးနဲ့ဘဲအဆင်ပြေအောင်နေထိုင်ကြတဲ့လူလတ်တန်းစားလေးတွေပါ။

'သားစစ်....ဘယ်ကပြန်လာတာလည်း...'

စာမေးပွဲအောင်ပြီးကတည်းကအိမ်ကိုမကပ်တော့ဘဲသူငယ်ချင်းတွေနဲ့ခြေချက်းလိမ်နေတော့တဲ့နိုင်စစ်သဝဏ်ပါ။အခုလည်းသူ့အတွက်ဂုဏ်ပြုပွဲလုပ်မှာတောင်အိမ်မာလုပ်ကူသည်မရှိဘူး။

Love warningWhere stories live. Discover now