'နင်အခုငါ့ကိုဘာတွေထပ်ပြီးလိုက်နှောက်ယှက်အုံးမလို့လည်း..'
'ဘာ...ငါကနှောက်ယှက်တယ်ပေါ့ဟုတ်စ'
သူမအခုလိုကက်ကက်လန်အောင်ပြန်ပြောတာမျိုးမရှိခဲ့ဘူးတော့အခုလိုပြောခံရတာကိုနိုင်စစ်ဒေါသထွက်လာပြီးအဥ္ဇရာရဲ့လက်မောင်းကိုကြမ်းတမ်းစွာဆုပ်ကိုင်လိုက်သည်။
'အာ့....'
'ပြောစမ်း..အခုလိုတွေပြန်ပြောနေတာဘယ်ကအားကိုးရသွားလို့လည်း။ဟို၂ယောက်ကဘာအတတ်ကောင်းတွေသင်ပေးလိုက်တာလည်း'
'နင်လက်ကိုအရင်လွှတ်'
သူမရဲ့ရုန်းကန်မှူကိုမြင်ရတော့မှနိုင်စစ်သတိကပ်ကာလွှတ်ပေးလိုက်သည်။
'ဟို...ဟို...sorryငါမရည်ရွယ်ပါဘူး။ငါကလူပေါင်းမှားမှာဆိုးလို့'
'ငါ့ဘဝမှာသူငယ်ချင်းဆိုတာမရှိခဲ့ပါဘူး။ဒါကြောက့်အခုလိုရလာတဲ့သူငယ်ချင်းတွေကိုငါတန်ဖိုးထားတယ်နိုင်စစ်သဝဏ်'
'မနေ့တနေ့ကမှသိတဲ့လူတွေကနင့်အပေါ်စ်တ်ရင်းနဲ့ပေါင်းတယ်ဆိုတာနင်သိလို့လား'
'ဒါဆိုငယ်ငယ်လေးကတည်းကသိခဲ့တဲ့နင်ကရောငါ့အပေါ်ကောင်းခဲ့လို့လား'
သူမစကားတွေကအရင်ကထက်ပိုပြီးပြောရဲဆိုရဲလာသည်။
'အဥ္ဇရာ...နင်..နင့်စကားတွေဘယ်ကတတ်လာတာလည်းဘယ်သူကသင်ပေးလိုက်တာလည်းဟမ်...'
'နိုင်စစ်သဝဏ်...ဘာဖြစ်နေတာလည်း..ငါ့ကိုမနှောက်ယှက်နဲ့
ငါအေးဆေးအိမ်ပြန်ပါရစေ'နိုင်စစ်သဝဏ်သက်ပြင်းတစ်ချက်ချမိသည်။ဘယ်လိုဘဲအနိုင်ယူချင်ပါစေ။သူမငြိုငြင်တာကိုတော့မခံနိုင်ပါ။အခုထက်ပိုစကားများနေရင်မကောင်းတဲ့ဆက်ဆံရေးဘက်ကိုပိုရောက်သွားမှာဆိုးလို့အလျှော့ပေးကာ
'sorry...ငါကနင်အပေါင်းအသင်းမှာမာဆိုးလို့...'
'မမှားပါဘူး။ငါပြန်လို့ရပြီလား'
'ခနလေး...မပြန်နဲ့အုံး...ငါညကျရင်နင့်ကိုစာပို့တဲ့အခါငါ့ကိုseenမြန်မြန်ပြ'
'ဘာလို့လည်း...'
'ငါကreplyကြာတာမကြိုက်ဘူး။'
'ငါကဖုန်းနားမှာအမြဲရှိနေတာမှမဟုတ်တာ။ပြီးတော့နင့်မှာငါ့ကိုပြောစရာရှိလို့လား။'
YOU ARE READING
Love warning
Romanceမင်းကိုငါတစ်ယောက်တည်းဘဲအနိုင်ကျင့်မယ်အဥ္ဇရာ မင်းကငါ့ရဲ့ရုပ်သေးရုပ်အဖြစ်ရှင်သန်ရမယ်