နိုင်စစ်သဝဏ်ကနိုင်ငံခြားသွားမယ့်သူ့သူငယ်ချင်းတစ်ယောက်ကိုနှုတ်ဆက်ပွဲကျင်းပပေးမို့barတစ်ခုတွင်စီစဥ်ပေးသည်။အတန်းထဲကသူငယ်ချင်းဆိုတော့လည်းတစ်တန်းလုံးကိုဖိတ်ရတာပေါ့။ရာရာကိုလည်းဖိတ်ထားပါသည်။သူကိုယ်တိုင်တော့မဟုတ်အတန်းထဲကမိန်းကလေးသူငယ်ချင်းတဟ်ယောက်ကိုဖိတ်ခိုင်းလိုက်ခြင်းပင်။
'ရာရာလေး...'
'ရှင်..ဖွား'
'သူငယ်ချင်းနှုတ်ဆက်ပွဲရှိတယ်ဆို...'
'ဟုတ်တယ်ဖွား...သမီးမသွားတော့ဘူးလားလို့'
'ငါ့နှယ်..မြေးလေးရယ်ဟိုပွဲလည်းမသွားဒီပွဲလည်းမသွားနဲ့အိမ်မှာဘဲကုပ်ကတ်မနေနဲ့။အမြင်အသစ်လေးတွေရအောင်သွားပေးရတယ်။'
'ဒါပေမယ့်..သူတို့ကbarမှာလုပ်တာလေဖွားလူအရမ်းများတယ်တစ်ယောက်တည်းဖြစ်နေမှာပွဲရောက်ရင်လည်းဒါကြောင့်..'
'သက်ခိုင်သားလေးရှိတယ်လေ...သွားလိုက်ပါလားသူနဲ့စကားပြောတာဘဲကို...'
'ဖွားမသိပါဘူး...သမီး..'
'ဖွားကသွားဆိုသွားလိုက်...သွားသွားအဝတ်အစားသွားလဲ'
အဖွားကစေခိုင်းတာဆိုတော့လည်းမငြင်းသာလို့သွားရမာဖြစ်ပေမယ့်barကိုသွားရမာဆိုတော့ဘာဝတ်ရမှာလဲ။အဥ္ဇရာမှာကဝတ်စရာတွေအထွေအထူးမရှိ။ဘောင်းဘီကိုဂျင်းအနက်ကလေးဝတ်ဆင်ကာအပေါ်အင်္ကျီကိုတော့ဟူဒီတစ်ထည်ကောက်စွပ်လိုက်သည်။အလိပ်သားခွေနေတဲ့ဆံနွယ်လေးတွေကိုချထားလိုက်သည်။မိတ်ကပ်မပါဘဲသဘာဝအတိုင်ကြည်လင်နေတဲ့မျက်နှာလေးကမျက်မှန်မတပ်ရင်အတော်ဆွဲဆောင်မှုရှိသည်။
'ဟော...ထွက်လာပြီလားဒီပုံအတိုင်းဘဲသွားတော့မှာလား..'
'ဟုတ်သွားပြီနော်အဖွား...'
ရာရာစက်ဘီးစီးမသွားချင်တာနဲ့တက်စီငှားဖို့လမ်းထိပ်ကိကြ်လာလိုက်သည်။
ကျွီ....
သူမရှေ့မှာကားတစ်စီးကရပ်လိုက်ကာကြည့်လိုက်တော့တက်စီလည်းမဟုတ်။ထိုသူက
'နိုင်စစ်သဝဏ်....'
'ဘာတွေကြည့်နေတာလည်းငါ့ကိုမမြင်ဖူးဘူးလား...တက်ကားပေါ်'
YOU ARE READING
Love warning
Romanceမင်းကိုငါတစ်ယောက်တည်းဘဲအနိုင်ကျင့်မယ်အဥ္ဇရာ မင်းကငါ့ရဲ့ရုပ်သေးရုပ်အဖြစ်ရှင်သန်ရမယ်