ဒီနေ့ဟာဆိုရင်မိုးလေးကခပ်အုံ့အုံ့နေသည်။မရွာသေးပေမယ့်ညိုမှိုင်းအုပ်ဆိုင်းနေမှုကကောင်းကင်မှာစွဲရိပ်ထင်နေသည်။
တက္ကသိုလ်တွေကမဖွင့်သေးတော့နိုက်စစ်သဝဏ်လည်းသွားလိုက်စားလိုက်နှင့်လုပ်နေသည်။
ဒီနေ့လည်းသူငယ်ချင်းတွေနဲ့ဟောေပါ့ဘူဖေးသွားစားပြီးပြန်လာလမ်းမှာ
စက်ဘီးလေးတစ်စင်းနင်းကာသွားနေသောရာရာလေးကိုတွေ့မိသွားသည်။
ရာရာလေးကစတိုးဆိုင်ကပြန်လာတာထင်တယ်။စက်ဘီးခြင်းထဲမှာအသုံးအဆောင်တွေမုန့်တွေနဲ့။'ဟာ...ဟျောင့်...ဟိုမှာ....ဂေါက်ကြောင်...'
နိုက်စစ်သာငယ်ချင်းတစ်ယောက်ကရာရာကိုလပ်ညှိုးထိုးပြီးပြောသည်။နိုင်စစ်တောက်မသိလိုက်ဘဲသူ့သူငယ်ချင်းတစ်စုဟာရာရာရဲ့စက်ဘီးရှေ့မာပိတ်ရပ်လိုက်ပြီး
'ဟိတ်..ဘယ်ကပြန့လာတာလည်း...'
'ဟာ...ကြောင်ကြည့်နေတယ်....ပြပါအုံးခြင်းထဲမှာဘာတွေပါလည်း...'
ရာရာလေးကိုအရုပ်တစ်ရုပ်လိုလုပ်ချင်တိုင်းလုပ်နေကြသည်။ခြင်းထဲကမုန့်တွေဆွဲထုပ်လိုက်ပြီးတစ်ခုဆီဟိုဟိုဒီဒီပစ်ချလိုက်ကြသည်။
'နင်တို့....တော်တော့...မလုပ်ကြနဲ့...'
'ဟေး....ဒီမာကြည့်အုံးဆေးတွေ....'
'အဲဒါငါ့အဖွားဆေးတွေ....ပြန်ပေး....'
ရာရာလိုက်လုနေပေမယ့်သူတို့ဆေးထုပ်တွေကိုဟိုဘက်ပစ်ဒီဘက်ပစ်လိုက်ပစ်နေကြသည်။
'ဟား.....ဟား....မှန်ကြောင်မ...ဒါလိုခြင်လား...'
ရာရာခေါင်းငြိမ့်ပြတော့....
'လိုချင်ရင်...လာ....ဒူးထောက်ပြီးတောင်း....'
ဒူးထောက်ရမယ်တဲ့။မိန်းကလေးတစ်ယောက်ကိုဒီလိုများရက်စက်နိုင်ကြတာလား။ထိုအပြုအမူကြောင့်နိုင်စစ်ဘက်ကကာကွယ်တုံ့ပြန်မှုလေးတော့ရမယ်ထက်ခဲ့တာ။မိန်းကလေးတစ်ယောက်အပေါ်ရှ်သင့်တဲ့လေးစားမှုလေးရှိမယ်ထက်ခဲ့တာ...လက်တွေ့မှာတော့
'ဟျောင်...နိုင်စစ်...မင်းရဲ့ငယ်သူငယ်ချင်းလေးကိုငါတို့ဒူးထောက်ခိုင်းတာ...မင်းဘာပြောချင်လည်း...'
YOU ARE READING
Love warning
Romanceမင်းကိုငါတစ်ယောက်တည်းဘဲအနိုင်ကျင့်မယ်အဥ္ဇရာ မင်းကငါ့ရဲ့ရုပ်သေးရုပ်အဖြစ်ရှင်သန်ရမယ်