barကပြန်ရောက်ပြီးကတည်းကနိုင်စစ်သဝဏ်ရဲ့စိတ်ထဲမှာတစ်ခုခုဖြစ်နေတာကိုဒေါ်သက်ခိုင်တို့သတိခါူမိသည်။မေစသော်လည်းမေး၍မရ။အခုဆိုမနက်ဖြန်ပင်ကျောင်းများဖွင့်ပြီ။
တကယ်ဆိုဒီလိုနေ့တွေဆိုသူငယ်ချင်းတွေနဲ့အပြင်သွားလာပျော်ပါးနေကြပါ။ဒီတစ်ခေါက်တော့ထူးထူးဆန်းဆန်းပင်အိမ်ကပ်နေသည်။
'သားစစ်...'
'ဗျာ..'
'သားကိုကြည့်ရတာအခုတလောထူးဆန်းနေတယ်။အပြင်လည်းမထွက်ဘူး။'
'ဟုတ်တယ်သားအဖေလည်းသတိထားမိတယ်။အပြင်မှာပြသနာတစ်ခုခဲဖစ်ထားလို့လား။အဖေတို့ကိုပြောပြနော်။'
'ဟာ..အဖေတို့ကလည်းသားကဘယ်တုန်းကပြသနာရှာဖူးလို့လည်းဒီလောပ်လူချစ်များနေတာကို။ပြီးတော့အပြင်မထွက်တာလည်းထွက်ချင်စိတ်မရှိလို့ပါ။'
'အေးပါကွယ်...အမေကလေသားအိမ်မှာရှိနေတော့ထူးဆန်းပြီးနေရထိုင်ရတာတစ်မျိုးဖြစ်နေတယ်..ဟင်း..ဟင်း..'
ဒေါ်သက်ခိုင်ကစနောက်တဲ့သဘောအနေနဲ့ပြောလေသည်။နိုင်စစ်ဘက်ကရောဘယ်လိုပြောရမလဲ။barကဖြသ်ခဲ့တဲ့ကိစ္စတွေသိသွားပြန်ရင်လည်းသူဘဲအဆူခံရမှာ။သူအမှန်တကယ်တွေးနေတာကအဥ္ဇရာကိုဘားကနေခေါ်ထုတ်သွားတာဘယ်သူလည်းဆိုတာကိုပေါ့။
'ဒါဆို..အဖေလည်းအလုပ်သွားတော့မယ်...သားလည်းအိမ်မှညအေးဆေးနေခဲ့တော့'
'ဟုတ်ကဲ့အဖေ'
'သား...အမေလည်းချိန်းထားတာရှ်လို့သွားရမယ်။အိမ်မှာမနေဘဲအပြင်လေးဘာလေးထွက်ပါလား'
'အသက်ကလည်းကိုယ်ကအိမ်မှာနေခိုင်းတာကိုအသက်ကအပြင်ထွက်ခိုင်းနေတော့..သား..အဖေစကားနားထောင်မလား။အမေ့စကားနားထောင်မလား'
'ဟာ...သားစဥ်းစားလိုက်အုံးမယ်အဖေနဲ့အမေသွားတော့..ဟဲဟဲ'
'သွားရအောင်အသက်ရာတို့သားကသူ့ဘာသာဆုံးဖြန်လိမ့်မယ်..ဟားဟား'
အဖေနဲ့အမေထွက်သွားမှဘဲနိုင်စစ်သက်ပြင်းချမိသည်။နောက်ဆုံးအကြံနစ်ခုပေါ်လာကာအမေပြောတဲ့အတိုင်းအပြင်ထွက်မည်ဟုဆုံးဖြတ်စဥ်...
YOU ARE READING
Love warning
Romanceမင်းကိုငါတစ်ယောက်တည်းဘဲအနိုင်ကျင့်မယ်အဥ္ဇရာ မင်းကငါ့ရဲ့ရုပ်သေးရုပ်အဖြစ်ရှင်သန်ရမယ်