အပိုင်း - ၈ ( ဆည်းဆာချိန် ကားမောင်းပြိုင်ပွဲ )

7.6K 1K 43
                                    


အပိုင်း - ၈ ( ဆည်းဆာချိန် ကားမောင်းပြိုင်ပွဲ )

အပြန်လမ်းတွင် ဖြစ်သည်။

ချန်ဝမ်၏ကားမှာ ကွေ့ကောက်နေသော တောင်တက်လမ်းတစ်လျှောက် ပြေးလွှားနေလို့။ ထိုစဉ်
Rolls-Royce တစ်စီးက ဘယ်ဘက်မှ ပေါ်ထွက်လာကာ သူ့ကားအား ကျော်တက်ပြီး ရွှံ့များ စင်လာစေသည်။
 
နေ့ခင်းတုန်းက လေလံပွဲမှာ မြို့ပြင်တောင်တန်းနားက ပြတိုက်တစ်ခု၌ ကျင်းပရာ ၊ မိုးထပ်ရွာလာသောအခါတွင်ကတ္တရာလမ်းပေါ်က မိုးရေမှာ တောင်တက်လမ်းရှိ ဖုန်များမြေမှုန်များနှင့် ရောသွား၏။ သူ့ BYD ၏ ဘော်ဒီနှင့် မှန်များမှာ ချက်ချင်းကိုပင် ရုပ်ဆိုးပန်းဆိုးကြီး ညစ်ပတ်သွားခဲ့လို့။

အစပထမတော့ ချန်ဝမ် လျစ်လျူရှုလိုက်ပါ၏။ နဂိုကတည်းက ချန်ဝမ်မှာ ဥပဒေကို လိုက်နာသော နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ကာ လမ်းပေါ်တွင်လည်း နှိမ့်ချရိုကျိုးသော လူယဉ်ကျေးတစ်‌ေယာက်ဖြစ်သည်။ ထို့ကြောင့် မှန်သုတ်တံကိုသာ ဖွင့်ပြီး ကား‌ေရှ့မှန်ကို သုတ်လိုက်၏။

သို့သော် နှစ်ကြိမ်ဆက်တိုက် ဆိုးဆိုးရွားရွား စော်ကားခံရသောအခါတွင်မူ စိတ်အရှည်ဆုံးသောလူသည်ပင် စိတ်တိုစ,ပြုလာသည်။

ဤနေရာကို မလာသေးခင်ကမှ သူ ကားဆေးလာ၏။ တစ်ဖက်ကားက သူ့အား ဘေးချင်းကပ်ရပ်မှ ဖြတ်ပြီး ကျော်တက်သွားသည်ကို အဝေးကြီး မောင်းထွက်မသွားဘဲ ထိုအစား သူရှေ့မှပိတ်ကာ နီးနီးကပ်ကပ်လေးသာ မောင်းနေ၏။

စင်သွားသော ရွှံ့ရေများကြား ကားချင်းက တစ်ချက်မျှ တိုက်သွားကြသေးသဖြင့် အင်္ဂါဂြိုဟ်ကိုပင် မြင်ရလုနီးနီး။

ထိုသို့တိုက်မိသည်က တစ်စက္ကန့်မျှသာ ကြာ၍ တော်သေး၏။

တစ်ဖက်က ကားမောင်းသူမှာ အတော်လေး‌ေတာ့ အရည်အချင်းရှိကာ ပြဿနာကြီးကြီးမားမား မဖြစ်အောင် ကြည့်မောင်းတတ်သည်။ ခြွင်းချက်အားဖြင့် တစ်ဖက်ကားမောင်းသူအပေါ် ကြီးစွာသော စိတ်အနှောက်အယှက် ပေးနိုင်ခြင်း။

ဤသည်မှာ ကိုယ်လုံးတီးချွတ်ပြပြီး လူကို စိတ်တိုအောင် တမင်တကာဆွသည်နှင့် ဘာမှ မကွာ။

ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] [ Completed ]Where stories live. Discover now