၉၀။
ကုရိလျန်နှင့်ကျွန်တော့်ကြားတွင် အနုပညာရှင်အဆင့်တစ်ခု ကွာခြားပေမယ့် အလုပ်တွင် ကျွန်တော်တို့ဆီ လာလည်ကြသည့် ပရိသတ်အရေအတွက်ကတော့ ညီတူမျှတူသာ။
ပရိသတ်နှစ်အုပ်စုက သူတို့လက်ထဲမှ အားပေးပစ္စည်းတွေကို သတိပြုမိသည်နှင့် အလင်းလိုအလျင်ဖြင့် သူတို့ကြားမှ အကွာအဝေးကို ခြားပစ်လိုက်ကြပြီး တာဝန်ကျေပွန်စွာဖြင့် အုပ်စုခွဲကာ တစ်ဖက်စီ နေရာယူလိုက်ကြသည်။ သူတို့က ညီညီညွတ်ညွတ် အဝင်ပေါက်ဆီ ကြည့်နေကြလျက် တစ်အုပ်စုတည်းမှ ကိုယ့်အချင်းချင်း တွန်းခြင်း ၊ တိုက်ခြင်း လုံးဝမရှိ။ ပြိုင်ဘက်နှင့် အကြည့်ချင်းဆုံမိလျှင်လည်း အင်တာနက်ပေါ်မှာလို မိုက်ကြေးမခွဲကြပေ။
နှစ်ဖက်စလုံး၌ ရိုက်ကူးရေးကိရိယာမျိုးစုံကို သယ်ထားကြသည့် ဖြစ်စဥ်တစ်ခုလုံးကို မှတ်တမ်းတင်မည့် ပုဂ္ဂိုလ်တွေ ပါပေသည်။ စည်းကျော်ပါက ကိုယ့်အနုပညာရှင်ကသာ ပေးဆပ်ရမည်မို့ လူတိုင်းက သူတို့၏သက်ဆိုင်ရာပရိသတ်နယ်ပယ်မှ စံနှုန်းမြင့်မြင့်များကို ကြိုးစားပမ်းစား ထိန်းသိမ်းကြလျက် ထိုအချက်နှင့်သာ ပြိုင်ဘက်ကို ဖိနှိပ်ရန် ဟန်ပြင်ကြ၏။
သွေးမစွန်းသည့် စစ်တလင်းပါပေ။
၉၁။
နောက်ဆုံးမှာတော့ ကျွန်တော်နှင့်အတူ ကုရိလျန်က တက်တက်ကြွကြွ ပေါ်ထွက်လာသည်။
၉၂။
အားလုံးကို ကသိကအောက် ဖြစ်သွားစေခြင်း။
၉၃။
"နာရီဝက်ပဲ အချိန်ရတာလား? အချိန်ပြည့်ရင် ပြောဦးနော်" ကျွန်တော် ပြောလိုက်၏။
ကုရိလျန်က ခေါင်းငြိမ့်ပြလျက် "ကောင်းပြီ။ မင်းမုန့်ထဲက နည်းနည်းလောက်ပေး ငါယူမလာမိလို့"
ပရိသတ်တွေရှေ့မှာတင် ဖြစ်သလိုလုပ်ရဲတယ်လား?
သို့ဖြစ်ရာ ကျွန်တော်လည်း အားလုံးရှေ့၌ မုန့်ထုတ်တွေကို တစ်ဝက်ခွဲပေးလိုက်သည်။
၉၄။
ကျွန်တော် ယန်မိန် [ဝေ့ယန်ကျစ်၏ပရိသတ်အမည်] တွေကို နှုတ်ဆက်လိုက်ပြီး ရင်ခွင်ထဲပိုက်ထားသည့် မုန့်ထုတ်တွေအား မျက်မှန်းတမ်းမိနေသည့် ပရိသတ်အကြီးစားတစ်ယောက်ထံ ကမ်းပေးလိုက်သည်။