အပိုင်း(၄)

202 44 1
                                    


<< ကုရိလျန်ရဲ့ဒိုင်ယာရီ — ကောက်နုတ်ချက် ၁ >>

အလုပ်က မနက်(၂)နာရီဝန်းကျင်မှ ပြီးတယ်။ မိုးလင်းပြန်ပြီ။ အရမ်းပင်ပန်းတယ်။

သဘက်ခါကျရင် ဪ မနက်ဖြန်ဖြစ်နေပြီ မနက်ဖြန်ကျရင်လည်း ဒါရိုက်တာလုရဲ့ ရိုက်ကူးရေးအသင်းထဲ ဝင်ရဦးမယ်။ တွေးမိရုံနဲ့တင် ပိုပင်ပန်းသွားပြီ။

တကယ် လုံးဝ မသွားချင်ဘူး။

ပထမဆုံးအချက်က အလုပ်ဒဏ်ခံစားနေရတယ်။ အလုပ်ကြောင့် ပင်ပန်းလွန်းလို့ အိမ်မှာပဲ အေးဆေးနေချင်တော့တယ်။

ဒုတိယအချက်ကတော့ ငါးရက်ဆက်တိုက် မက်ဆေ့တွေ တောက်လျှောက်ပို့နေတဲ့ ငါ့ရဲ့ဖန်ဒန်းက ခေါင်းကိုင်မိခင်ကြောင့်ပဲ။ ငါ့ပြိုင်ဘက်ကလည်း ရိုက်ကူးရေးအသင်းမှာ ရှိနေတာမလို့ ဆက်တိုက် သတိပေးနေတာ။

သူမပြောပုံအရ ငါ့ပြိုင်ဘက်က အရပ်ရှစ်ပေ ဟာကျူလီလို ခန္ဓာကိုယ်ထွားထွား အာဆူရာလို လူယုတ်မာရုပ် နတ်ဆိုးလို မကောင်းဆိုးဝါးအသံနဲ့လူ ဖြစ်ပုံရတယ်။ သူက ကြမ်းတမ်းရက်စက်တဲ့ ရှစ်ပေရှည်တဲ့ လှံရှည်နဲ့ ငါ့အသက်ကို ရွှဲခနဲ အလွယ်တကူ ယူလိုက်နိုင်သူ ဒါမှမဟုတ် မြွေခန္ဓာ လူခေါင်း မျက်လုံးထဲမှ ‌အစိမ်းရောင်လေဆာ‌တွေထွက်ကာ လျှာကနေ အဆိပ်တွေ တစ်တောက်တောက် ကျနေတဲ့အပြင် ချွန်ထက်လှသော သူ့လက်သည်းတွေရယ် ငါ့ကို တစ်ချက်တည်း ပုတ်ထုတ်လိုက်နိုင်မယ့် အမြီးရှည်တင်မကဘဲ ငါ့ကို အပိုင်းပိုင်း ပြတ်သွားနိုင်စေမယ့် ရက်စက်တဲ့ယောကျာ်းမျိုး။

ဒါပေမယ့် ငါ့ပြိုင်ဘက်ကို အရင်က မတွေ့ဖူးတာမှမဟုတ်တာ။ ငါတို့က ကုမ္ပဏီတစ်ခုတည်းကလေ။

သူက ဒီအတိုင်း ဖြူစင် ရိုးသား ချောမောတဲ့ ကောင်လေးတစ်ယောက် မဟုတ်ဘူးလား? သူ့ပုံစံက အရမ်း နူးညံ့ပြီး နာခံမှုရှိပုံပေါ်တယ်။ သူ့ရဲ့သဘာဝဆန်ဆန် ပုံစံကြောင့် ငါ့ထက်တောင် ငယ်ပုံရတယ်။ ငါတို့တွေ တွေ့ဆုံကြတိုင်း သူ့မျက်ဝန်းတွေက ရိုးသားမှုတွေနဲ့ လင်းလက်နေတတ်တဲ့သူ။

ငါ့အတွေးကို သူမကို ပြောပြမိတဲ့အခါ သူမက လုံးဝလက်မခံဘဲ ငါက ကြင်နာတတ်လွန်းကြောင်း ဒီကမ္ဘာမြေပေါ်က အန္တရာယ်တွေကို လုံးဝ သတိမမူတတ်ကြောင်း ပြောလာတယ်။

I Ship My Rival X Me [မြန်မာဘာသာပြန်]Onde histórias criam vida. Descubra agora