Song Recommendation : Ocean View Rothy
(Feat.Chanyeol)24th July 2024.
ဇူလိုင်လဟာ ကိုရီးယားနိုင်ငံရဲ့ နွေရာသီကာလဖြစ်သည်နှင့် အပူချိန်ကလဲသိသိသာသာမြင့်မားသည်။
နေမင်းကြီးကလဲအစွမ်းကုန်တောက်ပနေပြီး
လမ်းတလျှောက်မှာ သစ်ရွက်ဝါများကလဲ အနည်းငယ်ကြွေကျနေသည်။
အခုလိုရာသီဥတုအခြေအနေကမိသားစုနှင့် အချိန်ဖြုန်းရန်အကောင်းဆုံးအချိန်ပါဘဲ။ချန်းယောင်းတို့သူငယ်ချင်းတသိုက်လဲ နွေရာသီအချိန်ဖြုန်းရန် ဂျယ်ဂျူကျွန်းသို့သွားနေကြသည်။
လေဆိပ်သို့ ချန်းယောင်းဖေဖေကကားဖြင့်လိုက်ပို့ပေးပြီး ဖေဖေ့ဘေးကခုံမှာချန်းယောင်းကထိုင်ပြီး
သူငယ်ချင်းနှစ်ယောက်ဖြစ်သည့်ဆွန်းဟန်နှင့်ဆိုဟီးကတော့ နောက်ကခုံမှာတူတူထိုင်ကာ တွတ်ထိုးနေကြသည်။ချန်းယောင်းကတော့ ပြတင်းပေါက်မှန်အပြင်ဘက်ကိုသာငေးမောနေမိသည်။
ဆိုးလ်မြို့ရဲ့လမ်းမပေါ်မှာ ငယ်ရွယ်နုပျိုမှူတွေသယ်ဆောင်လာတဲ့ ကားတစ်စီးကတလိမ့်လိမ့်ဖြင့်သွားလာနေသည်။မကြာခင်မှာဘဲလေဆိပ်သို့ရောက်လာပြီး
"သားတို့ ဖေဖေစိတ်ချမယ်နော်" ဟုဆိုကာဖေထေကပြန်သွားပြီး အခုချိန်မှာတော့ ချန်းယောင်းတို့3ယောက်သာလေဆိပ်ထဲမှာကျန်တော့သည်။
Check in ဝင်ပြီး လေယာဉ်ပေါ်သို့တက်ရာတွင်
ဆိုဟီးနှင့်ဆွန်းဟန်ကတူတူထိုင်ပြီးသူတို့ဘေးကနေရာကိုဝယ်ယူထားသူရှိသောကြောင့် ချန်းယောင်းကသူတို့နောက်ကခုံတွင်သာလက်မှတ်ဖြတ်လိုက်တော့သည်။နေရာအသီးသီးဝင်ထိုင်ပြီးသည့်နောက် ရှေ့ကနှစ်ယောက်ကတော့အဆင်ပြေနေပေမယ့် ချန်းယောင်းကတော့သိပ်အဆင်မပြေပါ။
ဆွန်းဟန်ကသူနဲ့နေရာလဲပေးမယ် လို့ပြောနေပေမယ့် ချန်းယောင်းမလဲချင်ပါ။
Introventတယောက်ဖြစ်သည်မလို့ သူစိမ်းနဲ့ပေါင်းသင်းဆက်ဆံရမှာ အနည်းငယ်ဝန်လေးမိပေမယ့် နောက်ထပ်ရှေ့ဆက်မယ့်ဘဝတလျှောက်မှာ သူစိမ်းများစွာနဲ့ပေါင်းသင်းဆက်ဆံရဦးမည် မလို့
အခုထဲကထိုအကျင့်ကိုဖျောက်ရမည်ဟုဆုံးဖြတ်ထားသည်။
YOU ARE READING
𝗅𝗈𝗌𝗍 𝗂𝗇 𝖺𝗎𝗀𝗎𝗌𝗍 | ᴀɴʙɪɴ
Fanfiction𝖫𝖾𝖾 𝖢𝗁𝖺𝗇𝗒𝗈𝗎𝗇𝗀 × 𝖯𝖺𝗋𝗄 𝖶𝗈𝗇𝖻𝗂𝗇 ဆယ်ကျော်သက်အချစ်ဆိုတာ ပန်းနုရောင်သန်းနေတဲ့အာတာပူစီလေးလိုဘဲ နူးညံ့ချိုမြိန်တယ်။ ဒါပေမယ့် လေတစ်ချက်အဝှေ့မှာတင် ထိုအာတာပူစီလေးဟာ တစ်စစီပြန့်ကျဲသွားတတ်တယ်လေ။