(UNICODE)
"မအိပ်သေးဘူးလား"
"အဲ့ဒါမင်းကိုမေးရမှာ 1နာရီကျော်နေပြီ မအိပ်သေးဘူးလား"
"အိပ်မလို့ကို မင်းကတချိန်လုံးဟိုလှည့်ဒီလှည့်နေတော့ အိပ်မရဘူးလေ"
"......"
"အဲ့ဒါနဲ့ ဂိမ်းဆော့နေတာ"
"အင်း"
"ဘာလို့မအိပ်တာလဲပြောပါဦး"
ည10နာရီထဲက ချန်းယောင်းအိပ်ရာဝင်ခဲ့ပေမယ့်
တကယ်လဲအိပ်၍မရ။
Gameဆော့မည်ဆိုလျှင်လဲစိတ်ကမပါ။
သီချင်းနားထောင်မည်ဆိုလျှင်လဲ ကြားနေရသည်ဆိုတာထက်မပို။
အကိုဝန်ဘင်းအကြောင်းကိုသာတွေးမိနေပြီး
တခြားဘာကိုမှအာရုံမရ။အကိုဝန်ဘင်းအကြောင်းကိုတွေးမိသည်ကလည်း ပုံမှန်မိတ်ဆွေတစ်ယောက်အကြောင်းကိုတွေးမိတာမျိုးလဲမဟုတ်။
အကိုဝန်ဘင်းကို ချစ်သူကောင်လေးကဲ့သို့သဘောထား၍တွေးမိနေတာမျိုး။ဒါကအချစ်များလားဆိုပြီးပြန်မေးရအောင်လဲ
ဒီခံစားချက်မျိုးက အလယ်တန်းတုန်းကအတန်းဖော်ကောင်မလေးကို သဘောကျမိတုန်းကလိုခံစားချက်။ဒါပေမယ့် အကိုဝန်ဘင်းကယောင်္ကျားလေးတစ်ယောက်၊ချန်းယောင်းကလည်းယောင်္ကျားလေးတစ်ယောက်။
ချန်းယောင်းတို့တွေ့တာလဲ ဒီနေ့နဲ့မှ3ရက်သာရှိသေးတာ။ဒါကဖြစ်နိုင်ပါ့မလား။
အချစ်က3ရက်အတွင်းမှာပေါက်ဖွားနိုင်ပါ့မလား။
ဒီအတိုင်း အနေနီးတာကြောင့် ခင်တာကို အချစ်လို့ခေါင်းစဉ်တပ်မိတာများလား။အနေနီးလို့ခင်တာမဟုတ်တာကိုလဲ ချန်းယောင်းသေချာသိနေသည်။
စသည့်အတွေးများကချန်းယောင်းအားအိပ်မပျော်စေခဲ့။
"မပြောချင်ဘူး မပြောချင်တာမျိုးလဲမဟုတ်ဘဲ
ပြောရမှာဝန်လေးနေတာ""ပြောပါ တယောက်ထဲခံစားနေပြီး နှစ်ယောက်လုံးမအိပ်ရတာထက်စာရင် ငါကပါစဉ်းစားပေးပြီး အိပ်ရေးပျက်ပေးမယ်"
အီဆိုဟီးကနည်းနည်းကလေးဆန်ပြီး ဂျစ်တတ်တယ်ဆိုပေမယ့် တစ်ခုခုဆိုသေချာစဉ်းစားပေးတတ်ပြီး အကြံဉာဏ်ကောင်းတွေအများကြီးပေးတတ်တာ။
YOU ARE READING
𝗅𝗈𝗌𝗍 𝗂𝗇 𝖺𝗎𝗀𝗎𝗌𝗍 | ᴀɴʙɪɴ
أدب الهواة𝖫𝖾𝖾 𝖢𝗁𝖺𝗇𝗒𝗈𝗎𝗇𝗀 × 𝖯𝖺𝗋𝗄 𝖶𝗈𝗇𝖻𝗂𝗇 ဆယ်ကျော်သက်အချစ်ဆိုတာ ပန်းနုရောင်သန်းနေတဲ့အာတာပူစီလေးလိုဘဲ နူးညံ့ချိုမြိန်တယ်။ ဒါပေမယ့် လေတစ်ချက်အဝှေ့မှာတင် ထိုအာတာပူစီလေးဟာ တစ်စစီပြန့်ကျဲသွားတတ်တယ်လေ။