(UNICODE)
wonbin_park : "ချန်းယောင်းတို့မနက်ဖြန်ဘယ်သွားကြမှာလဲ"
antinitonny : "အီဆိုဟီးကတော့ ရေတံခွန်သွားမယ်ပြောနေတယ်"
wonbin_park : "အကိုလဲလိုက်ခဲ့မယ်"
antinitonny : " ဟုတ် ပြီးရင်အစီအစဉ်ကိုပြောမယ်နော်"
wonbin_park : "အကိုကချန်းယောင်းငီကြောင့်လိုက်တာမလို့ အကို့ကိုအဖော်လုပ်ပေးရမှာနော်"
antinitonny : "ဟုတ်ကဲ့ပါဗျ"
အကိုဝန်ဘင်းနဲ့စာပို့နေတုန်း အီဆိုဟီးတို့ကအပြင်ကပြန်လာသောကြောင့်ဖုန်းပိတ်လိုက်ပြီး
"ဘာလို့ ငါတို့ကိုတွေ့တော့မှပိတ်လိုက်တာလဲ"
"ငါ့ဟာငါပိတ်ချင်လို့ပိတ်တာပါ မင်းကလဲ"
"မရိုးဘူးဘဲ နော် ဆွန်းဟန်"
"ရည်းစားများရနေလားမသိဘူး ခုနကဖိနပ်ချွတ်ရင်းကြည့်နေတာ ဖုန်းကြီးကြည့်ပြီးပြုံးနေတာတွေ့သား"
ထိုနှစ်ယောက်၏စွပ်စွဲချက်တွေကို ချန်းယောင်းဘာမှလဲပြန်မဖြေရှင်းဖြစ်၊ရှင်းလေရှုပ်လေဖြစ်မှာစိုးရိမ်မိသည်။
ပြုံးမိလားဆိုတာကိုတော့ သတိမထားမိပေမယ့်
အကိုဝန်ဘင်းနဲ့စကားပြောရတာကိုတော့ သဘောကျသည်။"ဘာတွေဝယ်လာတာလဲ"
"ဒါသက်သက်စကားလမ်းကြောင်းလွှဲတာဘဲ နော်ဆိုဟီး"
"တော်ပါတော့ကွာ ဘာမှကိုမပြောရဲတော့ဘူး မင်းတို့ကလဲ"
"ရော့ ဒါမင်းဖို့" ဆွန်းဟန်ကမုန့်ထုပ်3ထုပ်ထဲက 1ထုပ်ကိုချန်းယောင်းကိုပေးလာပြီး
ချန်းယောင်းစားနေကြမုန့်တွေကိုသေချာဝယ်လာသည်။ရေသောက်နေတဲ့ဆိုဟီးက ရေသန့်ဘူးကိုရေခဲသေတ္တာထဲပြန်ထည့်လိုက်ပြီး ချန်းယောင်းတို့ဆီရောက်လာသည်။
"နက်ဖြန် ရေတံခွန်ကိုဘယ်လိုသွားကြမလဲ"
"စက်ဘီးငှားပြီးသွားကြမလား"
ဆွန်းဟန်ရဲ့စကားကိုကြားပြီး ချန်းယောင်းနဲ့ဆိုဟီးကြောင်ကြည့်နေမိသည်။
3/4နာရီလောက် စက်ဘီးနင်းရမှာကို
သူတို့ကိုမောပြီးသေစေချင်နေတာလား။
YOU ARE READING
𝗅𝗈𝗌𝗍 𝗂𝗇 𝖺𝗎𝗀𝗎𝗌𝗍 | ᴀɴʙɪɴ
Fanfiction𝖫𝖾𝖾 𝖢𝗁𝖺𝗇𝗒𝗈𝗎𝗇𝗀 × 𝖯𝖺𝗋𝗄 𝖶𝗈𝗇𝖻𝗂𝗇 ဆယ်ကျော်သက်အချစ်ဆိုတာ ပန်းနုရောင်သန်းနေတဲ့အာတာပူစီလေးလိုဘဲ နူးညံ့ချိုမြိန်တယ်။ ဒါပေမယ့် လေတစ်ချက်အဝှေ့မှာတင် ထိုအာတာပူစီလေးဟာ တစ်စစီပြန့်ကျဲသွားတတ်တယ်လေ။