(UNICODE)
"လူကွ"
"မင်းနဲ့ဘယ်တုန်းကသိတာလဲ"
"မနက်ကလေယာဉ်ပေါ်ကseatmateလေ"
"အော် အဲ့ဒါကြောင့်မြင်ဖူးသလိုရှိနေတာကို"
"အင်း"
"ရင်းနှီးတဲ့ပုံလိုဘဲနော်"
"မရင်းနှီးပါဘူး"
"မရင်းနှီးဘဲနဲ့ဘယ်လိုလုပ်ပြီး စ,နောက်ရဲတာလဲနော်"
"သိချင်သွားမေး"
"မင်းကလဲ"
"သွားကြမယ် ဆွန်းဟန်စောင့်နေလောက်ပြီ"
"အင်းပါ"
ဒီလိုနဲ့ဘဲချန်းယောင်းနဲ့ဆိုဟီးကအခန်းဆီသို့ ခပ်သွက်သွက်လျှောက်လာခဲ့သည်။
နှစ်ယောက်စလုံးကတူညီတဲ့လူကို မတူတဲ့ရှုထောင့်ကနေတွေးနေကြပြီး
စကားလည်းထပ်မပြောတော့ပါ။"အေး ငါကရေတွေခဲမှပြန်လာမယ်ထင်နေတာ"
"ဒီကောင့်ကြောင့်လေကွာ"
"ငါဘာလုပ်လို့လဲ"
"မင်းသရဲအကြောင်းပြောလို့လေ"
"မင်းလဲပြောတာဘဲလေ"
ထိုငြင်းခုံနေသောအခြေအနေကို ဆွန်းဟန်ကခေါက်ဆွဲပြုတ်ရင်းနားထောင်နေသည်။ဘာမှတော့ဝင်မပြော။
ရေနွေးတွေအေးမသွားဖို့ကသာအရေးကြီးသည်ဟု ခံယူထားပုံ။"ခေါက်ဆွဲရပြီလား ဆွန်းဟန်နီး"
"ရပြီ ဒါကမင်းဟာ ဒါကချန်းယောင်းဟာ"
3ယောက်စလုံး ခေါက်ဆွဲဘူးအသီးသီးကိုယူလိုက်ကြပြီး
Sohee : "စားလို့ကောင်းလိုက်တာ"
ဆိုဟီးကခေါက်ဆွဲစားရင်း ဖုန်းထုတ်ကာဂိမ်းဆော့နေပြီး ဆွန်းဟန်နှင့်ချန်းယောင်းကတော့
SNSသုံးနေသည်။"မင်းတို့ ဂိမ်းမဆော့ဘူးလား"
"မဆော့ပါဘူး" "မဆော့ချင်ဘူး'"
"မင်းတို့ကလဲ ငါတယောက်ထဲမလို့ကို"
"........" "........"
"အေး မှတ်ထား မင်းတို့"
ဆိုဟီးကတော့ ဆိုဖာပေါ်မှာခွေခွေခေါက်ခေါက်နဲ့ဂိမ်းဆော့နေသည်။
ချန်းယောင်းတို့ကတော့ ခေါက်ဆွဲပြုတ်စားရင်း
စကားစမြည်ပြောရင်းနဲ့ အချိန်ကုန်မှန်းမသိကုန်လာသည်။
YOU ARE READING
𝗅𝗈𝗌𝗍 𝗂𝗇 𝖺𝗎𝗀𝗎𝗌𝗍 | ᴀɴʙɪɴ
Fiksi Penggemar𝖫𝖾𝖾 𝖢𝗁𝖺𝗇𝗒𝗈𝗎𝗇𝗀 × 𝖯𝖺𝗋𝗄 𝖶𝗈𝗇𝖻𝗂𝗇 ဆယ်ကျော်သက်အချစ်ဆိုတာ ပန်းနုရောင်သန်းနေတဲ့အာတာပူစီလေးလိုဘဲ နူးညံ့ချိုမြိန်တယ်။ ဒါပေမယ့် လေတစ်ချက်အဝှေ့မှာတင် ထိုအာတာပူစီလေးဟာ တစ်စစီပြန့်ကျဲသွားတတ်တယ်လေ။