(UNICODE)
ချန်းယောင်းတို့ဂျယ်ဂျူမှာနေတာ ရက်သတ္တပတ်တစ်ခုကိုကျော်လွန်သွားပြီး
Augustလထဲကိုပင်ရောက်နေပြီဖြစ်သည်။
ဒီရက်သတ္တပတ်တစ်ခုထဲမှာ ချန်းယောင်းအတွက် ရင်ခုန်စရာ၊ဒွိဟဖြစ်စရာ စသည်ဖြင့်အဖြစ်အပျက်များရှိခဲ့ပြီး ချန်းယောင်းရဲ့နှလုံးသားထဲကိုလူတစ်ယောက်လဲရောက်လာခဲ့သည်။
ထိုလူကို ချန်းယောင်းသိပ်ချစ်သည်။Augustလထဲရောက်သည်နှင့် အပူချိန်လဲအနည်းငယ်ကျကာ မိုးအုံ့နေသည်။
ခပ်မှိုင်းမှိုင်းကောင်းကင်ကြီးအားကြည့်ကာ ပြတင်းပေါက်၏ဘေး ကာဖီတစ်ခွက်ဖြင့်
ဆွေးနေသူက အီဆိုဟီး။ဆွန်းဟန်ကတော့ YouTubeကြည့်နေပြီး
ချန်းယောင်းကတော့ ဟိုတွေးဒီတွေး။နောက်နှစ်ရက်ဆိုလျှင် ဆိုးလ်ကိုပြန်ရတော့မှာဖြစ်ပြီး အကယ်၍ဆိုးလ်ကိုပြန်ရောက်တဲ့အခါကြရင်ရော အကိုနဲ့ဒီလိုခဏခဏတွေ့ဖြစ်ပါ့မလား။
အကို့ကိုချန်းယောင်းရဲ့အချစ်တွေကို ဖွင့်ထုတ်ပြလိုက်ရင်ရော အကိုကဘယ်လိုတုံ့ပြန်လာမလဲ။
ဒီညအတွက် အစီအစဉ်ကတော့ ချန်းယောင်းတို့အခန်းမှာဘဲ အရက်စုသောက်ကြမှာဖြစ်ပြီး
အကို့ကိုလည်းခေါ်ထားသည်။
ချန်းယောင်းတို့က အသက်18မပြည့်သေးတာမလို့ အကိုဝယ်ပေးမှသောက်ရမှာဖြစ်သည်။"မင်းတို့တကယ်ကြီး တနေကုန်ဒီလိုထိုင်နေမှာလား"
"အင်းလေ ဘာလို့လဲဆွန်းဟန်ရဲ့"
"ပျင်းလို့"
"လည်စရာနေရာလဲကုန်နေပြီကို"
"အဲ့ဒါလဲဟုတ်ပေမယ့် အရမ်းပျင်းတယ်"
ဆိုဟီးနဲ့ဆွန်းဟန်စကားပြောနေတာကိုကြားနေပေမယ့် ဘာမှပြန်မပြောဖြစ်။
"အီချန်းယောင်း ငြိမ်လှချည်လား"
"အကိုဝန်ဘင်းအကြောင်းတွေးနေမှာပေါ့"
ဘာကြောင့်မှန်းမသိ ချန်းယောင်းငိုချင်နေသည်။
အကို့အကြောင်းကိုတွေးလိုက်မိတာနဲ့ စိတ်ထဲလေးသလိုဖြစ်ပြီးငိုချင်လာတာ။စိတ်ကူးယဉ်ကြည့်ချင်လိုက်တာ။
ချန်းယောင်းလဲသူများတွေလို စိတ်ကူးယဉ်ကြည့်ချင်လိုက်တာ။
ဒါပေမယ့် စိတ်ကူးတောင်မယဉ်ရဲတဲ့အခြေအနေ။
YOU ARE READING
𝗅𝗈𝗌𝗍 𝗂𝗇 𝖺𝗎𝗀𝗎𝗌𝗍 | ᴀɴʙɪɴ
Fiksi Penggemar𝖫𝖾𝖾 𝖢𝗁𝖺𝗇𝗒𝗈𝗎𝗇𝗀 × 𝖯𝖺𝗋𝗄 𝖶𝗈𝗇𝖻𝗂𝗇 ဆယ်ကျော်သက်အချစ်ဆိုတာ ပန်းနုရောင်သန်းနေတဲ့အာတာပူစီလေးလိုဘဲ နူးညံ့ချိုမြိန်တယ်။ ဒါပေမယ့် လေတစ်ချက်အဝှေ့မှာတင် ထိုအာတာပူစီလေးဟာ တစ်စစီပြန့်ကျဲသွားတတ်တယ်လေ။