┈•┈୨୧┈•┈"ပြောစရာရှိတယ် ကျောင်းဆင်းတာနဲ့ အိမ်ကိုလာခဲ့"ဟူသည့် မိခင်ဖြစ်သူ၏ တစ်ချက်လွှတ်အမိန့်ကြောင့် ဆောင်းဟွန်း မိဘအိမ်မှ ဧည့်ခန်းအတွင်းရောက်နေရပြီး တစ်ဖက်က ပြောလာမည်အား နားစွင့်နေသည်။
"ကွန်ဒို ဝင်ခဲ့သေးလား"
"ဟင့်အင်း... ကျောင်းကနေ တန်းလာတာ"
သူ၏ လေသံအေးအေး အဖြေအား ခေါင်းတညိတ်ညိတ်လုပ်ကာ စားပွဲပေါ်မှ ပန်းသီးတစ်စိတ်အား ခရင်းဖြင့်ထိုးစားလိုက်သည့် မိခင်ဖြစ်သူကို ဆောင်းဟွန်း အသေးစိတ်ကြည့်နေမိသည်။
ဖုန်းဆက်တုန်းက သူမလေသံက အလေးအနက်ဖြစ်နေခဲ့တာမဟုတ်ဘူးလား ? အခုက အရမ်းအေးဆေးနေသလိုပဲ...
ဆောင်းဟွန်းတွေးစစဖြင့် လည်ချောင်းရှင်းကာ..
"အမေ ဘာပြောမလို့လဲ"
သူမက ပါးစပ်အတွင်းမှ ပန်းသီးစိတ်အား ဖြည်းဖြည်းချင်းဝါးရင်းမှ သူ၏အမေးအား ပြန်ဖြေသည်မှာ အေးအေးဆေးဆေးပင်။ သို့သော် ထိုအဖြေအား ကြားကြားခြင်း ခပ်လျှောလျှောထိုင်နေရာမှ ရုတ်ခြည်း ဆတ်ကနဲ ထထိုင်မိလိုက်သည်အထိ ဆောင်းဟွန်းအတွက် မအေးဆေးခဲ့။
သူမပြောလာသည်က..
"စေ့စပ်ပွဲ ဖျက်သိမ်းလိုက်တော့မလို့ သားကို ခေါ်အသိပေးတာ" ဟူ၍ပင်...
ပတ်ဆောင်းဟွန်း တစ်ကိုယ်လုံး တောင့်တင်းသွားရပြီး နားတွေထဲကပင် လေတွေထွက်လာသလိုလို...။
ထင်မှတ်မထားသည့်စကားကြောင့် မယုံနိုင်ခြင်းများစွာဖြင့် မိခင်ဖြစ်သူအားကြည့်ရင်း...
"အမေ လာနောက်နေတာလား?"
ထိုအခါ တစ်ဖက်က"ဖြစ်စရာလား"ဟူသည့် အမူအရာဖြင့် ပြန်ကြည့်လာ၏။ ဆောင်းဟွန်း အာရုံတွေပင် ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။ သူ့အနေနဲ့ ဤကိစ္စအား ဖြစ်မလာနိုင်သည့်အရာဟု ယူဆကာ အနာဂတ်အတွက် စိတ်ကိုပြင်ဆင်ထားခဲ့တာပင်။
သို့သော် ယခုလို အရာရာအသားကျလာသည့်အခါမှ ထပ်ပြီး...."ကျွန်တော် လက်မခံဘူး"
ခံစားချက်မျိုးစုံရောထွေးနေသည့်ကြားမှ ပြတ်သားစွာ ဆိုလိုက်သည်။ ထိုအခါ သူ့မိခင်မှာ အထူးအဆန်းစကားအား ကြားလိုက်ရသည့်နှယ် တအံ့တဩရေရွတ်လာ၏။
YOU ARE READING
𝖬𝗒 𝖠𝗇𝗇𝗈𝗒𝗂𝗇𝗀 𝖥𝗂𝖺𝗇𝖼𝖾
Fanfictionငါ့ရဲ့ fianceက ငါ့ကိုသဘောမကျဘူးပြောပေမဲ့ ဘာလို့ နေရာတကာ သဝန်အတိုခံနေရတဲ့ဇနီးလေးလို ခံစားနေရပါလိမ့် ? cover - pinterest - SUNSUN MINI STORY - FORCED MARRIAGE - COMPLETED