┈•┈୨୧┈•┈ညနေစောင်းအချိန်၏ အပူရှိန်မှာ မကျသေးသော်ငြား၊ ဧည့်ခန်းတည့်တည့်ရှိ ဝရန်တာ မှန်တံခါးအား အဆုံးထိ ဆွဲဖွင့်ထားသည်မို့ ပြင်ပမှ လေပြည်အေးအေးတို့က ချင်းနင်းဝင်ရောက်ကာ နေထိုင်ရသည်အား သက်သောင့်သက်သာဖြစ်စေသည်။
ဧည့်ခန်းပတ်ပတ်လည်ရှိ မှန်အကာအရံတို့အား ဖုံးအုပ်ထားလေ့ရှိသော ကန့်လန့်ကာများမှာလည်း ယခုတစ်ခါ ဘေးတစ်ဖက်၊တစ်ချက်စီမှာ သပ်ရပ်စွာ အသိမ်းခံထားရသည်မို့ ဧည့်ခန်းအတွင်း လတ်ဆတ်သည့်လေထုနှင့် အလင်းရောင်ကသာ ခြုံလွှမ်းထား၏။
ဂျယ်ယွန်းသည် ဆိုဖာမှာဝင်ထိုင်ရင်း စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။ သူက သူငယ်ချင်းဖြစ်သူ၏ အခြေအနေအား လာကြည့်ခြင်းဖြစ်ပြီး၊ ယင်းအတွက်လည်း ကြို၍ စာပို့ထားခဲ့သည်။
သို့သော် သူရောက်သည့်အခါ ထိုသူအစား သူ၏ သက်ဆိုင်သူလေးကသာ အံ့ဩဟန်ဖြင့် တံခါးလာဖွင့်ပေးပြီး " ပတ်ဆောင်းဟွန်းက နေ့လည်စာစားပြီးကတည်းက အိပ်နေတာ" ဟူ၍ အသိပေးလာသည်။ ထို့နောက် သွားနှိုးပေးမည်ဆိုကာ ထွက်သွားပြီး ဂျယ်ယွန်းအား ဧည့်ခန်းအတွင်းထားခဲ့၏။
ထိုအချင်းအရာတို့အားကြည့်ပြီး အတွေးတစ်ခုဝင်လာသည်မို့ အသံထွက်ရယ်လိုက်မိသည်။
အခုက ကြင်စဦး မောင်နှံတွေနဲ့တူမနေဘူးလား..။
~
"ဘာလာလုပ်တာလဲ"
"သေပြီလား လာကြည့်တာ"
"မင်းအဖေကအလတ်ကြီး"
ဂျယ်ယွန်းသည် မျက်နှာချင်းဆိုင်မှ ဝင်ထိုင်လာသူအား မြင်ပြင်းကပ်စွာကြည့်လိုက်မိသည်။ ဝင်လာကတည်းက အငေါ်အတူးစကားဆိုလာသည်မှာ နောက်လက်တစ်ဖက်ပါ လှုပ်မရအောင် ထရိုက်ချင်စရာ။
"ကြည့်ရသလောက်တော့ အဆင်ပြေနေပုံပါပဲ"
"ဘာကိုလဲ"
"သတို့သားလောင်းလေးနဲ့လေ... အချင်းချင်း အရမ်းသက်သောင့်သက်သာဖြစ်နေပုံနဲ့"
မျက်မှောင်ကြုတ်သွားသောမျက်နှာထက် ရှူပ်ထွေးမှုတစ်ချို့အား ဂျယ်ယွန်းဖမ်းမိလိုက်သည်။ ထိုအခါ ခပ်ဟဟရယ်လိုက်ရင်း...
YOU ARE READING
𝖬𝗒 𝖠𝗇𝗇𝗈𝗒𝗂𝗇𝗀 𝖥𝗂𝖺𝗇𝖼𝖾
Fanficငါ့ရဲ့ fianceက ငါ့ကိုသဘောမကျဘူးပြောပေမဲ့ ဘာလို့ နေရာတကာ သဝန်အတိုခံနေရတဲ့ဇနီးလေးလို ခံစားနေရပါလိမ့် ? cover - pinterest - SUNSUN MINI STORY - FORCED MARRIAGE - COMPLETED