┈•┈୨୧┈•┈> ရေကုန်သွားပြီ
< ကိုယ့်ဘာသာကိုယ် ထွက်ပြီးထည့်
> လက်လှုပ်လို့မရဘူး
< ㅗ
စာကြည့်ရန်ပြင်မှ ဝင်လာသည့် မက်ဆေ့ခ်ျကြောင့် ဆောနူ လက်သီးကိုဆုပ်ကာ စာအုပ်အထပ်လိုက်ပေါ် အားနဲ့ထုချေလိုက်သည်။
မည်သို့ပင်ငြင်းငြင်း သူ၏ တစ်ခုတည်းသော ဆင်ခြေအား မျက်နှာအရည်ထူစွာ ထုတ်သုံးတတ်သည်က ပါရမီတစ်ရပ်လိုပင်။
<နှစ်ဖက်လုံးဘာလို့ကျိုးမသွားတာလဲ wae!!!?
>မင်းဆန္ဒဖြစ်နေလို့လေ ㅎㅎ
ဆောနူ ဖုန်းအား ကုတင်ပေါ်ပစ်ပေါက်လိုက်ရင်း ခြေဆောင့်ကာ ထွက်လာလိုက်သည်။ ထို့နောက် ရေတစ်ဘူးထုတ်ကာ တစ်ဖက်အခန်းသို့ ဦးတည်လိုက်၏။
"မအိပ်မချင်းခိုင်းနေလိုက်"
"အင်း"
ခေါင်းကပါ အဆစ်ညိတ်ပြပြီး ရေကရားအား မေးငေါ့ပြတာကြောင့် လက်ထဲက ရေဘူးဖြင့် ပြေးထုချင်စိတ်အား ချိုးနှိမ်ထားလိုက်ရသည်။
အဲ့မှာ လူပါးဝနေလိုက် !
ရေဘူးထဲမှရေအား ကရားထဲပြောင်းထည့်ပေးပြီး ပြန်လှည့်ထွက်ဖို့ ပြင်သည့်အခါ နောက်ပါးမှအသံက ထွက်ပေါ်လာပြန်၏။
"ငြီးစီစီဖြစ်နေတယ် ရေပတ်တိုက်ပေး"
ဆောနူ ဘာမှမပြောပဲ မျက်နှာထားတည်တင်းစွာ လှည့်ကြည့်လိုက်တော့..
"လက်လှုပ်လို့မရဘူး"
မေးငေါ့ကာ ခပ်ပြတ်ပြတ်ပြောလာသည်မှာ 'မင်းဘာတတ်နိုင်ဦးမှာလဲ'ဟူသည့် သဘောဆောင်နေသယောင်။
လက်ထဲမှ ရေဘူးခွံအား ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရင်း ကုတင်ခေါင်းရင်းအား ကျောမှီထိုင်နေသူနား လျှောက်သွားလိုက်ပြီး..
"တစ်ချက်လောက်တော့ ပေးရိုက်လိုက်"
ဘုန်း!ဘုန်း!ဘုန်း!
YOU ARE READING
𝖬𝗒 𝖠𝗇𝗇𝗈𝗒𝗂𝗇𝗀 𝖥𝗂𝖺𝗇𝖼𝖾
أدب الهواةငါ့ရဲ့ fianceက ငါ့ကိုသဘောမကျဘူးပြောပေမဲ့ ဘာလို့ နေရာတကာ သဝန်အတိုခံနေရတဲ့ဇနီးလေးလို ခံစားနေရပါလိမ့် ? cover - pinterest - SUNSUN MINI STORY - FORCED MARRIAGE - COMPLETED