1K 156 19
                                    


┈•┈୨୧┈•┈

Condoမှာပဲ အချိန်ဖြုန်းနေရခြင်းက အတော်လေး မသက်မသာဖြစ်စေတာမို့ ဆောနူ 6ရက်မြောက်နေ့ရဲ့ မနက်ခင်းမှာ အပြင်ကိုလမ်းလျှောက်ထွက်ခဲ့သည်။ အခုထိ အိပ်နေစဲဖြစ်တဲ့ ပတ်ဆောင်းဟွန်းအတွက် မနက်စာအား ထိုသူနိုးလောက်မဲ့အချိန်မှသာ လာပို့ပေးရန် မှာထားခဲ့ပြီး သူကတော့ အပြင်မှာသာ မနက်စာစားရန်ဆုံးဖြတ်ခဲ့၏။

ကာကီရောင် တီရှပ်ပွပွအား အဖြူရောင် short pantsနှင့်တွဲဝတ်ထားသည့်ဆောနူ၏ပုံစံမှာ ပေါ့ပါးသစ်လွင်နေသည်။ နဖူးပေါ်ခပ်အုပ်အုပ်ကျနေသည့် ပြင်ဆင်ထားခြင်းမရှိသော ရွှေရောင်ဖျော့ဖျော့ ဆံနွယ်တွေအား ထပ်ပေါင်းပါလျှင် အထက်တန်းကျောင်းသားလေးနှင့်ပင် ခပ်ဆင်ဆင်။

ခြေဦးတည့်ရာ စိတ်အေးချမ်းသာစွာ လျှောက်လှမ်းနေရင်း အချိန်အတော်ကြာသည့်နောက် တဖြည်းဖြည်းချင်း ကွန်ဒိုနှင့် ဝေးလာသည်မို့ လက်ရှိအနီးနားမှ ဆိုင်တစ်ဆိုင်တွင် မနက်စာဝင်စားပြီးသည်နှင့် ပြန်ရန်ဆုံးဖြတ်လိုက်၏။

သို့သော် ...

သူ၏ ကံဆိုးမှူတွေက မနက်စောစောမှာတောင် အဆုံးမသတ်နိုင်သေး။

"ရား...ဘယ်ကိုသွားနေတာလဲ ငါတို့ကဒီမှာ!"

အနောက်မှ ရုတ်တရက်ထွက်လာသည့်အသံနှင့်အတူ အမည်မသိသူစိမ်းတစ်ယောက်လက်ထဲ ဆုပ်ကိုင်ခံလိုက်ရသည့် သူ့ပခုံးတွေ..။

"အရမ်းကြာတာပဲ... လူစုံတာကကြာနေပြီ မင်းကိုပဲစောင့်နေရတယ်.. သွားမယ် မြန်မြန်!"

ထူးဆန်းသည့်စကားတွေကြောင့် ဆောနူကြောင်အသွားရသည်။

ဘာလို့ တအားရင်းနှီးနေသလိုကြီးလာပြော‌နေရတာလဲ...

သူတို့ အချင်းချင်း သိတောင်သိမနေပဲ အခုမှ ပထမဆုံး ဆုံဖူးသည်မဟုတ်ပါလား။ ဆောနူတွေဝေနေစဥ် တစ်ဖက်ကသူ့အား ပုံမှန်လိုပဲ ခပ်တည်တည်ဆွဲခေါ်သွားသည်။

ရုတ်တရက်အသိပြန်ဝင်လာသည်နှင့် ရုန်းဖို့ပြင်တော့ ပခုံးပေါ်မှလက်က ပိုတင်းကြပ်လာပြီး...

"အိမ်ကိုအကောင်းတိုင်းပြန်ရောက်ချင်ရင် ငြိမ်ငြိမ်နေ"

"လွှတ်စမ်း!"

𝖬𝗒 𝖠𝗇𝗇𝗈𝗒𝗂𝗇𝗀 𝖥𝗂𝖺𝗇𝖼𝖾Where stories live. Discover now