မလုံခြုံဘူးဆိုတဲ့ခံစားချက်........
အဲဒီမျက်ဝန်းတွေဆီက မြစ်ဖျားခံပါသည်။အန္တရာယ်များလာပြီဆိုတာ လဲသိပေမယ့်...
မပြေးနိုင်တဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းမိပါသည်။ရူးသွပ်စွာ...မိုက်မဲစွာ စတင်ခဲ့ကြသည်....
မတောင့်ခံထားနိုင်လောက်အောင်
သည်းမခံနိုင်တော့လောက်အောင်
နာကျင်မှုတွေသူပေးခဲ့ပေမယ့် ချစ်မိခဲ့ပါသည်။သိနှင့်နေပြီးသားဆိုရင်တောင်..
ခြေလှမ်းတွေကိုရပ်တန့်မရခဲ့ပါဘူး...
သူ၏ ဆွဲငင်အားတွေကသိပ်ကောင်းလွန်းခဲ့သည်။အချိန်နဲ့အမျှသူဝါးမြိုတာတွေကို ခံနေရလဲ
ပြန်လှည့်လို့မရခဲ့ဘူး...🍷🍷🥀🥀
တော်ဝင်နှင်းဆီကလေးတစ်ပွင့်အားရင်တွင်း၌ ပျိုးမိပါသည်။ ရွှံ့စေးကိုင်တဲ့ကြမ်းတမ်းသော
လက်တွေကြားထဲ နှင်းဆီလေးကိုခြေမွမိခဲ့သည်။
နှင်းဆီကလေးအား ကိုယ့်ရဲ့ ရွှံ့နွံတွေထဲနစ်မွန်း
ဝါးမြိုချင်ခဲ့ပါ၏။အသုံးမဝင်တဲ့ အမှိုက်လိုအိမ်မက်တွေဖြစ်ခဲ့မယ်ဆိုရင်တောင် ဒီတိုင်းလေးပဲ နည်းနည်းလောက်
မနိုးထဘဲ ဆက်နေရအောင်
ကိုယ်မင်းကိုဆွဲထားပါရစေ.....မနက်ဖြန်ဆိုတာမရှိတော့ဘူး
နောက်တစ်ကြိမ်ဆိုတာမရှိတော့ဘူးဆိုရင်တောင်
မင်းကတော့ ဝန်းရံနေတဲ့အမှောင်ထုတွေကြားထဲက
နာကျင်ပူလောင်စေတဲ့ အလင်းရောင်မီးစတစ်ခု
ကိုယ် အကျွမ်းခံပြီးသိပ်ချစ်ရတဲ့ မီးစွဲနေတဲ့
နှင်းဆီငယ်လေးတစ်ပွင့်ဖြစ်တယ်....မင်းနှုတ်ဖျားလေးက ထွက်အံနေကျအတိုင်း
ပြောလိုက်ပါ...ကိုယ်တို့မဖြစ်နိုင်ဘူးလို့
ဒါပေမယ့် ကိုယ်ဆက်မျှော်လင့်နေဆဲပဲ
နောက်ဆုံးအချိန်ထိမင်းနဲ့သာဆို
ကိုယ်ကအကုန်အဆင်ပြေတယ်
တစ်ကိုယ်ကောင်းဆန်သွားလား မသိပေမယ့်
ကိုယ်အဲဒါကို ခုံမင်မိတယ် Rosyတစ်ဖြည်းဖြည်းနှေးကွေးလာတဲ့အချိန်တွေထဲ
မင်းကို ကိုယ်နဲ့အတူနစ်မြုပ်သွားစေချင်တယ်
နည်းနည်းလေး ထပ်နေကြရအောင်
ကိုယ်တို့နှစ်ယောက် ဝင်သက်ထွက်သက်တွေ
ရောထွေးလို့ ရပ်တန့်သွားကြတဲ့အထိ
YOU ARE READING
A Poem Of Flaming Rosy
Fanfiction(Namjin) This fic is for @Caterpillar 2Nabi Present for u my little bee💛 she own this It's Asshole type🚨.... and real dog blood🚨 If you are bias sensitive.... beware sis i warning you... If you have strong mental welcome from "A Poem of Flaming R...