I Founded A Rosy

164 11 13
                                    

မြစိမ်းရောင်တောင်ပံခတ်သည့် သဏ္ဍာန် တူသော
မြက်နုရှည်ရိုင်းရိုင်းတို့အား ပွတ်တိုက်သွားပါတဲ့
ငွေတန်ဆာ ခတ်သံ တစ်ညံညံလေးဟာ
တံတိုင်းကြီးတစ်ခုသဖွယ်ကာရံထားတဲ့
အမွှာညီအကို တောင်သုံးလုံးရဲ့အလယ်၌
ကြံ့ခိုင်သန်မာလှတဲ့ မြေရိုင်းမြက်ခင်းပြင်ကြီးတို့ရဲ့
မြူခိုးဝှက်သည့် နေရာတွင် တစ်သီးတစ်သန့်တည်ရှိလေတယ်။

ခြေတစ်လှမ်းက ကုဋေတစ်သန်းထိုက်တယ်
ဆိုရမလား.....သို့ပေမယ့် ငွေတန်ဆာဆင်တဲ့
ခြေဗလာပြင်နုနုလေးဟာ နူးညံ့တဲ့နှင်းဆီဖက်ကလေးတွေပေါ် ပြေးလွှားနေပေမယ်လို့
ချွန်မြလှသည့် ဆူးခြုံရံတွေရဲ့ ကာကွယ်ခြင်းကိုလဲခံယူထိုက်ခဲ့တယ်။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

တိုင်း​​သစ် ပြည်နယ်မြေရယ်လို့ သက်ဦးဆံပိုင်ခေတ်
မတိုင်မှီက နယ်မြေရိုင်းတို့သည်
မျိုးနွယ်စုတွေကွဲထွက်၍ အရိုင်းဆန်သော
တိုက်ပွဲတွေကြားတွင် အာဏာတည်းဟူသော
ဂုဏ်ပုဒ်ကို တက်မက်စွာမက်မောကြသည်။

လောဘနှင့်ရမ္မက်တို့ ၏ ဆာလောင်မှုကို
သွေးမြေသိပ်ကာ ယစ်ပူဇော်ကြသည်။
ယမမင်းနှင် သေမင်းတမာန် တို့သိပ်အလုပ်ရှုပ်ရပါသောကာလအပိုင်းအခြားဆိုလဲမမှားပေ။
မျိုးနွယ်စုတို့သည် ၄င်းတို့၏ အင်အားကိုပြသရန်
အတွက် အချင်းချင်းဝါးမြို သိမ်းပိုက်ခြင်းတို့ကို
စတင်လျက်ရှိသည်။

တောင်ပိုင်း နဂါးအနွယ်ဝင် ဟုခံယူတင်စားကြသော Kim မျိုးနွယ်သည် အသိပညာပိုင်းတွင်အကြီးဆုံးမျိုးနွယ်ဝင်ဖြစ်ကာ နယ်မြေလုခြင်းအခမ်းအနား၌ စားကွက်အရဆုံးမျိုးနွယ်ဟုလဲ
သမုတ်ကြလေသည်။ အင်အားစုနည်းကြသော်လည်း ထက်မြက်ကြ၍ တစ်သီးတစ်သန့်အုပ်ချုပ်နိုင်သေးသည့် မျိုးနွယ်စုထဲတွင် ရပ်တည်လျက်ရှိနေသေး၏။

သို့ပေမယ်လို့ တောင်ပိုင်းဒေသသည်
အစွန်အခေါင်ကျ၍ ရာသီဥတုအနည်းငယ်ခက်ထန်သည့်ဒေသမို့ ၄င်းတို့သည် ရေရှည်ရှင်သန်နိုင်ရေးအတွက် အစာရေစာပေါများသော နယ်မြေများအား
စားကျက်လုရန် စတင်ရလေတော့သည်။

စစ်သည်အင်အားစုနည်းသော်လည်းပဲ
ထိုမျိုးနွယ်ဝင်၌ တကယ့်နဂါးတစ်ကောင်လို
သန်မာထက်မြက်သော စစ်သူကြီးတစ်ဦးမွေးဖွားခဲ့လေတယ်။ သူကတော့ Kimမျိုးနွယ်၏ စတုတ္ထမြောက် မင်းသားခေါ် Kim Namjoon....
သို့မဟုတ်.....အပြာရောင်နတ်နဂါးဟုလဲသမုတ်ကြ၏။

A Poem Of Flaming Rosy Where stories live. Discover now