Are you sure?

189 13 44
                                    

နာကျင်မှုတွေ အနည်းငယ် ပေါ့ပါးသွားသလို
ခံစားနေရတဲ့ ခန္ဓာကိုယ်ရယ် ခပ်နွေးနွေးအထိတွေ့ရယ်နဲ့ မျက်ဝန်းတွေကို ထိုးဖောက်လုမတတ်
ဝင်ရောက်နေတဲ့ အလင်းရောင်စစတို့ကြောင့်
Namjoon ရဲ့ ဇင်ယော်တောင် မျက်ခုံးနှစ်ဖက်ဟာ
စုကျုံ့လာမိသလို နှာခေါင်းထိပ်သို့ တိုးဝှေ့ကျီစယ်
လာပြန်ပါတဲ့ ထိုချိုအီအီ ရနံ့တို့ကြောင့်
လေးလံနေတဲ့မျက်ဝန်း အစုံကိုအားယူပင့်ကာ
ဖွင့်ကြည့်မိသည်။

မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက ပက်လက်လှဲအိပ်နေတဲ့ အနေအထားကြောင့် မျက်နှာချင်းဆိုင်လိုဖြစ်နေတဲ့ ပြာလဲ့ကာ တိမ်လွှာစစလေးသာ ရှိတဲ့
ကောင်းကင်ပြာကြီးနဲ့အတူ လေအဝေ့မှာလွင့်ပျံနေတဲ့ နှင်းဆီ ပွင့်ဖက်တွေ...

သိပ်သည်းလာတဲ့ မွှေးရနံ့နဲ့အတူ ကောင်းကင်ပင်လယ်ပြာကြီး၌ ဟုန်းဟုန်းတောက်ကာ
ထွန်းလင်းနေတဲ့ နေမင်းကြောင့်မျက်စိစူး၍
မြင်လွှာကို လက်နဲ့ကာရန်လှုပ်ကြည့်ကာမှ
Namjoon တစ်ကိုယ်လုံးသည် လည်ပင်းနဲ့ခေါင်းမှလွဲ၍ လက်ညှိုးလေးတစ်ချောင်းတောင်
လှုပ်လို့မရသည့် အနေအထားတွင်ရှိနေပြန်သည်။

သတိအမြဲယှက်နေတတ်တဲ့ စစ်သည် တစ်ယောက်ဖြစ်တာမို့ ချက်ချင်းခေါင်းထောင်ကာ
ကြည့်လိုက်တော့ သူ့တစ်ကိုယ်လုံးသည်
ဆေးစိမ်ထားသည့် အလောင်းကြီးပမာ
ကြိုးအထပ်ထပ်ဖြင့် အတောင့်လိုက်ကြီးအချည်ခံထားရခြင်းဖြစ်သည်။ နေပါဦး ကြိုးက
ရိုးရိုးကြိုးတောင်မဟုတ်ပါဘဲ နှင်းဆီတွေမြိုင်နေအောင် ပွင့်ဖူးနေသော ဆူးမဲ့နှင်းဆီနွယ်တွေနဲ့
အတုပ်ခံထားရခြင်းဖြစ်ပါ၏။

Namjoon ပြတ်ထွက်လိုပြတ်ထွက်ညား
ရုန်းကြည့် လှုပ်ကြည့်ပါသော်လည်း အဆင်မပြေပါလေ။ သူသည် နွယ်ရှင်တွေနဲ့များအချည်ခံထားရ
လေသလား။ အဘယ်ကြောင့်ဆိုသော်
သူကခပ်ပြင်းပြင်းရုန်းလျှင် နှင်းဆီနွယ်တွေက
သူရုန်းသလောက် လျော့လာပေးတယ်
သူငြိမ်လိုက်ပြန်ရင်လဲ သူ့ကိုတင်းကြပ်ကြပ်ရစ်ပတ်ထားပြန်တယ် တစ်ခုက ဤနွယ်ရှင်များသည်
Namjoon ကိုထိခိုက်နာကျင်အောင်တော့
မလုပ်သည်ကို သတိထားမိသည်။

A Poem Of Flaming Rosy Where stories live. Discover now