We believe that you're not dead hyung

52 8 47
                                    

Seokjin တို့ အီလ်ဆန်က အိုးဆိုင်ကလေးမှာ
ရောက်နေတာ ရက်ပိုင်းလောက်တော့ရှိခဲ့ပြီဖြစ်သည်။ အရင်ကတည်းက အလုပ်နဲ့လက်ဆို
ဘယ်တော့မှ မပျက်ခဲ့သော မောင်က ဒီလို
စိတ်အေးလက်အေးနဲ့ နေနေတာကိုမြင်ရတော့
Seokjin အတွက်လဲ ထူးဆန်းရသလို သူကိုယ်တိုင်
ဟာလဲ သိပ်မနေတတ်ပါ။ သူကိုယ်တိုင်ကလဲ
မောင့်လက်အောက်မှာ အတွင်းရေးမှူးဖြစ်နေလေ
တော့ ဓာတ်ကူးတယ်ပဲပြောရမလားပေါ့။
အလုပ်မရှိရင် မနေတတ်တော့ပေ။

အိုးဆိုင်လေးမှာကလဲ ဘာမှထွေထွေထူးထူး
လုပ်စရာက ရှိ​မနေပြန်ပါဘူး။ ဆိုင်ကမြို့စွန်ရဲ့
ဂျောင်ကျတဲ့ နေရာဖြစ်တဲ့အပြင်ကို မောင်ကလဲ
အိုးတွေစုထား လုပ်ထားပြီးတော့ ဆိုင်မဖွင့်တာမို့
Seokjin ငြီးငွေ့လာရတယ်။ မြို့ထဲကိုလဲ မောင်က
Seokjinကို ခေါ်သွားခြင်းမရှိဘဲ တစ်ယောက်တည်း
မသိတဲ့အချိန်ဆို လှစ်ခနဲ ပျောက်ပျောက်သွားပြီး
ပြန်လာကာမှ လိုတာလေးတွေ သွားဝယ်တာဆိုပြီး
အလှဆုံးအပြုံးနဲ့ အချိုသွေးတတ်လေသည်။

Seokjin အစကတော့ စိတ်ဆိုးလိုက်ချင်တာပေါ့
တစ်ယောက်တည်းထားခဲ့လို့။ တစ်ဖြည်းဖြည်း
စိမ်းသက်နေရာမှ မောင့်ရင်ငွေ့ကိုဖြည်းဖြည်းချင်း
ခံစားမိလာတဲ့ Seokjinတစ်ယောက် အဲလောက်ထိတော့ သတ္တိမကောင်းသေးဘူးရယ်။
မောင့်ကို အရင်ကလောက် မရှိန်တော့ ပေမယ့်
ကြောက်စိတ်ကတော့ မပြယ်သေးပါဘူး။

အဲဒါကြောင့် အလိုက်တသိလေး ကိုယ့်အတွက်
အပျင်းပြေရာလေးတွေ ရှာဖွေကြည့်တော့
ဆိုင်ရှေ့မှာ ဝေနေအောင်ပွင့်ဖူးနေတဲ့ ဆူးမဲ့
နှင်းဆီချုံကြီးတွေကို တွေ့တာမို့ Seokjin
သူ့ရင်ထဲမှာ စိမ်းသက်ခြင်းရှိမနေပါသော
ထိုပန်းပင်တွေကိုပဲ ရေးလောင်း ဆံသအလုပ်ဖြင့်
အပျင်းဖြေနေလိုက်တယ်။

မောင်က သူ့လက်က ဒဏ်ရာတွေ သက်သာစပြုတာနဲ့ ပက်တီးကိုအရဖြည်ပြီး ပလာစတာအုပ်ကာ
အိုးလုပ်ခြင်း အလုပ်ကိုကြိုးစားပမ်းစားကို
လုပ်နေတော့တာ။ ညညဆိုလဲ ညနက်ပိုင်း
Seokjin တစ်ရေးနိုးရင် ဘေးမှာမောင်မရှိတာမို့
ထကြည့်လိုက်လျှင် အိုးထိန်းစက်နားမှာ အမြဲငုတ်တုတ် အလုပ်ရှုပ်နေတဲ့ မောင့်ကျောပြင်လေးကိုပဲ Seokjin ခိုးခိုးကြည့်မိတာ ဒီရက်ပိုင်းထဲ
အကျင့်လိုတောင်ဖြစ်နေပါရဲ့။

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

A Poem Of Flaming Rosy Where stories live. Discover now