never not
- Lauv• hi, bye, I love you •
တရားသူကြီးရဲ့ တရားခွင်ပြီးဆုံးကြောင်းအဆုံးအဖြတ်ပေးသံ တိုးဖျော့သွားတာနဲ့တစ်ပြိုင်နက် တိတ်ဆိတ်နေခဲ့တဲ့တရားခွင်ထဲ တီးတိုးစကားသံတွေနဲ့ စာရွက်ချင်းရှပ်တိုက်သံတွေက ကျွတ်ကျွတ်ညံအောင်ထွက်လာခဲ့တယ်။
ဆောင်းဟွန်းရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း အမှုသည်ရဲ့ကျေးဇူးတင်ကြောင်းစကားတွေက အထပ်ထပ်။ ဆောင်းဟွန်းရဲ့လျှောက်လဲချက်အပေါ် လုပ်ဖော်ကိုင်ဖက်တွေရဲ့သုံးသပ်ချက်နဲ့ ဂုဏ်ပြုစကားသံတွေ။ ခံပြင်းနေပုံရတဲ့တရားပြိုင်ရှေ့နေနဲ့ တရားသူကြီးရဲ့မထုံတက်သေးမျက်နှာအမူအရာ။
ရှုပ်ထွေးနေတဲ့ဖရိုဖရဲအခြေအနေတွေကြား တရားလိုရှေ့နေဆိုတဲ့စာတန်းနောက်မှာ ဆောင်းဟွန်းက မလှုပ်မယှက်ထိုင်နေခဲ့ဆဲ။ဆောင်းဟွန်းရဲ့ ၃၄ကြိမ်မြောက်တရားခွင်ပြီးဆုံးခြင်းနဲ့အတူ ခန့်မှန်းထားခဲ့တဲ့အတိုင်း ဆောင်းဟွန်းရဲ့ ၃၄ကြိမ်မြောက်တရားခွင်အနိုင်ရရှိခြင်း။ ဒါပေမယ့် ဘာမှစိတ်လှုပ်ရှားစရာမရှိသလိုမျိုး၊ ထူးခြားမှုတွေရှိမနေသလိုမျိုး ဆောင်းဟွန်းက လှုပ်ရှားမှုမရှိ ထိုင်နေဆဲပဲဖြစ်တယ်။
သက်သေ၊ လျှောက်လဲချက်၊ ပြစ်ဒဏ်ချမှတ်ခြင်း။ အရာအားလုံးက ဆောင်းဟွန်းစီစဥ်ထားသလိုမျိုး တသွေမတိမ်းပြီးပြည့်စုံနေခဲ့ပေမယ့် လျော့ပါးသွားခြင်းမရှိတဲ့ ပုခုံးပေါ်ကလေးလံမှုတွေနဲ့အတူ အမည်မရှိတဲ့လစ်လပ်ခြင်းတွေက ဆောင်းဟွန်းကို တရိရိတိုက်စားနေဆဲပင်ဖြစ်သည်။
ပေါ့ပါးနေပုံရတဲ့လေထုထဲ ဆောင်းဟွန်းရဲ့အမှုကိုင်တွယ်ပုံအကြောင်း စကားဝိုင်းတွေက အတောမသတ်ဘဲတပျံ့တဝဲ။ ဘယ်သူကမှသတိမထားမိလောက်ဘူးလို့ ထင်ရတဲ့အခိုက်အတန့်လေးအတွင်း ဆောင်းဟွန်းက တိတ်တဆိတ်ရှောင်ထွက်လာခဲ့မိတယ်။
ကော်ရစ်ဒါတစ်လျှောက်ပဲ့တင်ထပ်နေတဲ့ ဆောင်းဟွန်းရဲ့ခြေသံတွေ။ ဆောင်းဟွန်းရဲ့အတွင်းတစ်နေရာမှာ လစ်လပ်နေဆဲအရာတစ်ခုရှိနေခဲ့တာတောင် ခြေတစ်လှမ်းစီတိုင်းက လေးပင်လွန်းနေဆဲ။

YOU ARE READING
hi, bye, I love you | psh•pjs
Fanfictionpark sunghoon • park jongseong - written in burmese-