ချစ်ရပါသောကလေးငယ်
Part-1
"ဟင့်အင်း ပြန်ဝူး....ပြန်ဝူး....ဦးဦးနဲ့နေမှာ ဦးဦးနဲ့နေခဲ့မှာယို့ မာမီ....."
"မရဘူးလေသမီးလေးရယ် ဦးဦးကအလုပ်သွားရမှာလေ..."
"မရဝူး....ဦးဦးနဲ့နေမှာယို့...အီးဟီး...."
၃နှစ်အရွယ်ကလေးမလေးတစ်ယောက်ဟာမြက်ခင်းပေါ်လှဲကာဘယ်ညာလှိမ့်ရင်းအော်အော်ငိုနေသည်။
"ရပါတယ်အစ်မ ကျွန်တော်ခေါ်သွားလိုက်ပါ့မယ်ကျွန်တော်သမီးလည်းရှိနေတာပဲ..."
"အားနာလိုက်တာ မောင်လေးရယ် ငယ်ငယ်တို့ကကောက်ရင်အဲ့လိုပဲမရတော့ဘူးဂျီတိုက်တာ..."
ကလေးလေး၏မိခင်ဖြစ်သူဒေါ်ကြည်ဖြူလည်းတစ်ဖက်လူကိုအားတွေနာရသည်။ကိုယ့်သမီးကလည်းသမီးခြံတံခါးလေးဖွင့်ထားမိတာအပြင်ပြေးထွက်လာပြီးခေါင်းရင်းအိမ်က မဟာတို့အိမ်ကိုပြေးလာပြီးခုလိုဂျီကျနေတာပင်။
"ရပါတယ်ဗျာ....ငယ်ငယ်ဦးဦးဆီလာ..."
ထွဋ်မြတ်မဟာထင် လက်ဆန့်ကာခေါ်လိုက်တော့မြက်ခင်းပေါ်လူးလှိမ့်ကာအော်ငိုနေတဲ့၃
နှစ်အရွယ်ကလေးမလေး မဏိကြည်ဖြူ ငယ်လေးကကောက်ထလာပြီး သူ့ကိုလက်သေးသေးလေးတွေနဲ့တင်းနေအောင်ဖက်ထားလေသည်။"ဦးဦး ငယ်ငယ်လိုက်မယ်ယို့ ငယ်ငယ်ကိုခေါ်တွားပါနော်..."
"ဟုတ်ပါပြီ ငယ်ငယ်သူငယ်ချင်းကိုခေါ်လိုက်အုန်းမယ်နော်..."
ထိုကလေးမလေးအားချီရင်းအိမ်ထဲဝင်လာတော့ဧည့်ခန်းထဲအရုပ်တွေနဲ့ဆော့နေတဲ့ ၃နှစ်အရွယ်သမီးဖြစ်သူ မြတ်မဟာနွယ်ကိုတွေ့လိုက်ရသည်။
"သမီး...."
"ဒယ်ဒီ....."
မပီတလာခေါ်သံလေးကြောင့် မဟာ ရင်ထဲကြည်နူးသွားရသည်။သူခေါ်တော့သမီးက ငယ်ငယ် အားတွေ့တော့လက်ခုပ်လေးတီးကာမတ်တပ်လေးထရပ်ကာသူတို့ဆီပြေးလာသည်။
"ဟော ဖြေးဖြေးလာပါသမီးရယ်.... "
"ဦးဦး...."
"ဗျာ...ဦးဦးရှိတယ်ပြောလေငယ်ငယ်..."
"လုံးလုံးကငယ်ငယ်တို့နဲ့လိုက်မာယားဟင်..."
YOU ARE READING
~ချစ်ရပါသောကလေးငယ်~
Romance"ဦးထင်က ငယ့်ကိုမချစ်ပါဘူး၊ငယ်ကသာချစ်ရတာ..." "အထင်တွေလွဲနေပြီဘေဘီကိုယ်မင်းကိုသိပ်ချစ်တာ ..." (Warning)ပါဝင်တာမို့ကြိုက်မှဖတ်ပါ။ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date - 31/7/2024 End Date -