Part-16(End)

5.4K 96 7
                                    

ချစ်ရပါသောကလေးငယ်

Part-16(ဇာတ်သိမ်းပိုင်း)

တီး.....တီး.....တီး.....

မဟာ အစည်းဝေးပွဲလုပ်နေစဥ်စားပွဲပေါ်ကဖုန်းကအဆက်မပြတ်မြည်လာလေသည်မို့အစည်းဝေးပွဲခဏရပ်ကာဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို ကိုကိုလား"

တစ်ဖက်ကပျစ်ချွဲနေတဲ့အသံကြောင့်မဟာမျက်မှောင်ကြုတ်လိုက်မိသည်။ဒါ လိုင်လီပင်။

"ဘာလဲ လိုင်လီ"

"ကိုကိုမိန်းမငယ်ငယ်ချောချောလေးအိမ်မှာရှိလား"

ဘေဘီ့နာမည်မေးနေတာကြောင့်မဟာမျက်ခုံးလှုပ်သွားသည်။

"Bossရေ Boss"

အသံပြဲကြီးနဲ့ရုံးခန်းထဲပြေးဝင်လာတဲ့မင်းလတ်ဖုန်းကိုင်ထားရင်းလှည့်ကြည့်မိပြန်သည်။

"အရေးကြီးသုတ်ပြာနဲ့ဘာဖြစ်တာလဲမင်းလတ်"

"သူဋ္ဌေးကတော် သူဋ္ဌေးကတော်အိမ်မှာမရှိဘူးတဲ့"

"ဘာ!

မင်းလတ်ရဲ့စကားကြောင့်မဟာမှာဘာခနဲ။

"အပြင်ခဏသွားစရာရှိလို့ဆိုပြီးသူဋ္ဌေးအလုပ်သွားထဲကသွားတာတဲ့ခုထိပြန်မလာသေးဘူးတဲ့"

"......."

"ကိုကို ကိုကိုမိန်းမကခုလိုင်လီလက်ထဲရှိနေတယ် ကိုကိုမိန်းမနဲ့ကလေးကိုတွေ့ချင်ရင်(*****)ကိုလာခဲ့"

"ဘာ!မင်း လိုင်လီ"

"အိုးဟိုး ဖြည်းဖြည်းအော်ပါကိုကိုရဲ့အဟင့်"

"လိုင်လီ လိုင်လီ"

တစ်ဖက်ကဖုန်းချသွားတာကြောင့်မဟာဒေါသသာထွက်မိသည်။တစ်ချိန်ထဲသူမလေးကိုစိတ်ပူလာမိသည်။

လိုင်လီဖုန်းချပြီးသည်နှင့်ကြိုးတုပ်လျက်ရှိနေတဲ့မဏိကြည်ဖြူငယ်ကိုကြည့်လိုက်သည်။

"မကြာခင်ကိုကိုဒီကိုလာလိမ့်မယ် အဲ့ချိန်ကစပြီးကိုကိုကငါ့အပိုင်ဖြစ်ပြီ"

"ရှင် ရှင့်မှာအရှက်တရားမရှိဘူးလားကာမပိုင်မိန်းမရှိနေတဲ့ယောင်္ကျားသားတစ်ယောက်ကိုပြစ်မှားနေတာ"

You've reached the end of published parts.

⏰ Last updated: Oct 01 ⏰

Add this story to your Library to get notified about new parts!

~ချစ်ရပါသောကလေးငယ်~Where stories live. Discover now