Part-10

4.5K 129 6
                                    

ချစ်ရပါသောကလေးငယ်

Part-10

"ဦးထင် ပြောပြပါလို့ငယ်သိချင်လို့"

"ဘေဘီရာအတိတ်ကအကြောင်းတွေကိုမပြောချင်တော့ပါဘူးကွာ"

"ဟင့် ပြောပြပါလို့ဦးထင်ကလည်း"

မဟာဗိုက်ပေါ်ခြေထောက်ပစ်တင်ထားသလိုရင်ဘတ်ပေါ်လက်သေးသေးလေးကတင်ကာဖက်ထားပြီးမဟာအရင်အိမ်ထောင်အကြောင်းပြောခိုင်းနေလေသည်။

"အိပ်ပါတော့ဘေဘီရာနော်ကိုယ်အိပ်ချင်ပြီ"

"ဟင့်အင်း ဟင့်အင်းမရဘူးပြောပြ"

"မဆိုးနဲ့ဘေဘီရာ!

"ဟင့် မသိဘူးကွာ!

သူပေါ်ကနေခွာကာတစ်ဖက်စောင်းသွားတဲ့ဘေဘီကြောင့်ကောက်သွားပြီမှန်းသိလိုက်သည်။

"ဟိတ် ဘေဘီ ချာတိတ်!

"........"

"ကျစ်.....ပြောပြမယ်ကွာ ပြောပြမယ်နော်"

"ယေး တစ်ကယ်နော်"

မဟာပြောတော့သူ့ဘက်ကိုပြန်စောင်းလာကာမယုံသလိုနဲ့ထပ်ကာမေးလေသည်။

"တစ်ကယ် အလကားတော့မရဘူး"

ဦးထင်စကားကိုငယ်နားလည်သည်မို့ဦးထင်ရဲ့ပါးနှစ်ဖက်ကိုဘယ်တစ်ပြန်ညာတစ်ပြန်နမ်းလိုက်သည်။

"ဟိတ် လူလည်မကျနဲ့ဒီမှာကျန်သေးတယ်လေ"

မဟာလည်းသူမလေးကမနမ်းပဲချန်ခဲ့တဲ့နှုတ်ခမ်းကိုလက်ညှိုးထိုးပြလိုက်သည်။

ငယ် ဦးထင်ကိုနမ်းဖို့အနားကပ်ယုံရှိသေးဦးထင်ကငယ့်ခါးလေးကနေဆွဲဖက်ကာအရင်ဆုံးနမ်းလာသည်။

မဟာ နမ်းနေရင်းသူမလေးကိုကြည့်တော့မျက်လုံးလှလှလေးတွေကသူ့ကိုပြူးပြူးလေးကြည့်နေသည်။

"အင့်....မောနေပြီ"

အနမ်းတို့ကြာရှည်သွားသည့်အခါငယ်တစ်ယောက်အသက်ရှူကျပ်ကာမောဟိုက်လာရသည်မို့ရုန်းရတော့သည်။

"ရပြီ ပြောပြတော့ဦးထင်"

လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က

~ချစ်ရပါသောကလေးငယ်~Where stories live. Discover now