ချစ်ရပါသောကလေးငယ်
Part-14
"အာ့....ကျွတ်စ့်....ကျွတ်စ့်...."
ငယ် အိပ်ယာကထတဲ့အခါလက်မောင်းဆီကနာကျင်မှုကြောင့်တီးတိုးကာညည်းညူမိလိုက်သည်။ကုတင်ဘေးကိုကြည့်တော့အိပ်နေတဲ့ဦးထင်ကိုတွေ့လိုက်ရသည်။
မဟာ နားထဲညည်းသံလေးကြောင့်မျက်လုံးဖွင့်ကြည့်တော့မျက်နှာလေးရှုံ့မဲ့နေတဲ့သူမကိုတွေ့လိုက်ရသည်။
"ဟင်....ဘေဘီသတိရလာပြီ၊နိုးလာပြီလား"
"အင်း ဦးထင်အိပ်ချင်အိပ်တော့လေ"
"မအိပ်တော့ပါဘူး ဘေဘီဘာစားချင်လဲ ကိုယ်ဘာချက်ပေးရမလဲ"
"ဟင့်အင်း ဘာမှမစားချင်ဘူးဦးထင် ညကငယ်တို့လမ်းမှာတိုက်ခိုက်ခံရတာ"
"စိတ်မပူနဲ့ကိုယ်စုံစမ်းနေတယ်မိရင်သတ်ပစ်မှာ"
မဟာ သူမကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းကာခေါင်းလေးကိုဖွဖွလေးပုတ်ပေးနေသည်။
ငယ် ဦးထင်ရဲ့ကျောပြင်ကြီးကိုသာတင်းကျပ်နေအောင်ဖက်ထားလိုက်သည်။ဘယ်ချိန်ခိုလှုံလှုံနွေးထွေးမှုအပြည့်အဝပေးတဲ့ရင်ခွင်။
ထိုနေ့ကကိစ္စဖြစ်ပြီးနောက်ရက်တွေမှာလည်း ငယ်ဟာတစ်ခုပြီးတစ်ခုဖြစ်သည်။ဆေးခန်းတွေပါသွားရသလိုဆေးရုံတွေပါတက်ရတဲ့ထိဖြစ်လာခဲ့သည်။
တစ်လနီးပါးထိငယ်ဟာထိခိုက်ဒဏ်ရာရလာခဲ့သည်။ထို့ကြောင့်အနီးကပ်စောင့်ရှောက်ဖို့ကိုဘော်ဒီဂတ်၁၀ယောက်ခန့်ထားထားသည်။
မဟာ မင်းလတ်ပို့နေတဲ့စာတွေကိုဖတ်နေစဥ်သူ့အလုပ်စားပွဲပေါ်ထိုင်လိုက်တဲ့သူမလေးကြောင့်မော့ကြည့်တော့ပြုံးပြုံးလေးကြည့်နေသည်။ဒီရက်ထဲထူးဆန်းနေပါဘိ။
ငယ် ဦးထင်ရဲ့မျက်နှာလေးကိုအုပ်ကိုင်တော့သူမကိုမျက်ခုံးနှစ်ဖက်တွန့်ကာခပ်ယေးယေးလေးပြုံးကာကြည့်နေသည်။
"ဦးထင်...."
"အင်း ပြောလေ ဘေဘီ"
"ဦးထင်ကိုငယ်လက်ဆောင်ပေးစရာရှိတယ်"
YOU ARE READING
~ချစ်ရပါသောကလေးငယ်~
Romance"ဦးထင်က ငယ့်ကိုမချစ်ပါဘူး၊ငယ်ကသာချစ်ရတာ..." "အထင်တွေလွဲနေပြီဘေဘီကိုယ်မင်းကိုသိပ်ချစ်တာ ..." (Warning)ပါဝင်တာမို့ကြိုက်မှဖတ်ပါ။ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date - 31/7/2024 End Date -