ချစ်ရပါသောကလေးငယ်
Part-13
....ဒူမက်ဂျားလေး ဒူမက်ဂျားလေး ဒူမက်ဂျားလေးဒူ....
ငယ် တစ်ယောက်သီချင်းလေးညည်းကာမိတ်ကပ်ပြင်နေသည်။ဖွေးနေတဲ့မျက်နှာမို့သိပ်ပြင်ဆင်စရာမလို။
"ဘေဘီ ကိုယ့်ကိုနက်ခ်တိုင်တပ်ပေးပါအုန်း"
မဟာအင်္ကျီကြယ်သီးဟရပ်နဲ့အတူမှန်တင်ခုံရှေ့လျှောက်လာသည်။
ငယ် လည်းထလိုက်ကာဦးထင်လက်ထဲကနက်ခ်တိုင်ကိုယူလိုက်သည်။နက်ခ်တိုင်တပ်ပေးနေရင်းသူမကိုပြုံးပြုံးကြီးကြည့်နေတဲ့ဦးထင်ကိုနှာခေါင်းလေးရှုံ့ပြလိုက်သည်။
"ကြယ်သီးတွေလည်းမတပ်ရသေးပါလားဦးထင်"
"ကိုယ့်မိန်းမတပ်ပေးတာခံချင်လို့လေ"
"ဟွန်း အလုပ်ကနောက်ကျတော့မယ်"
"နောက်ကျတော့ရောဘာဖြစ်လဲ"
မဟာ နှုတ်ခမ်းလေးထော်ကာသူ့အင်္ကျီကြယ်သီးတပ်ပေးနေတဲ့သူမလေးရဲ့ပါးလေးကိုငုံ့နမ်းလိုက်သည်။
ရွှတ်.....
"ဟာ ဦးထင်နော်ဒီရက်ပိုင်းဘာဖြစ်နေမှန်းကိုမသိဘူး"
"ဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူး"
ပြင်ဆင်လို့ပြီးသည့်အခါနှစ်ယောက်လုံးအောက်ထပ်ကိုဆင်းလာကြသည်။ထမင်းစားခန်းထဲဝင်လာတော့အိမ်အကူမလေးတွေပြာယာခပ်ကုန်သည်။
မကြာမှီ ကျွန်းစားပွဲရှည်ကြီးပေါ်ကိုမုန့်မျိုးစုံရောက်လာသလိုကော်ဖီကရားနှစ်ခုပါပါဝင်သည်။တစ်ယောက်ပြီးတစ်ယောက် နောက်ဆုံးမှာတော့နန်းကြီးသုပ်နှစ်ပန်းကန်ပါစားပွဲပေါ်ချလာသည်။
မဟာ နှစ်ပေါင်းများစွာအိမ်မှာနေနေတဲ့ကြီးခင်ဘက်ကြည့်ကာ
"ကြီးခင်!
"ကြီးခင်ရှိပါတယ်သား ပြောပါ"
"နေ့လည်ကြငါးသလောက်ပေါင်းလေးချက်ပေးပါ"
ကြီးခင်တစ်ယောက်ငါးသလောက်ပေါင်းကသခင်လေးကမစားဘူးဆိုတာသိသည်။ခုချက်ခိုင်းသည်ဆိုတော့ငယ်ငယ်စားဖို့ထင်သည်။
YOU ARE READING
~ချစ်ရပါသောကလေးငယ်~
Romance"ဦးထင်က ငယ့်ကိုမချစ်ပါဘူး၊ငယ်ကသာချစ်ရတာ..." "အထင်တွေလွဲနေပြီဘေဘီကိုယ်မင်းကိုသိပ်ချစ်တာ ..." (Warning)ပါဝင်တာမို့ကြိုက်မှဖတ်ပါ။ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date - 31/7/2024 End Date -