Chapter (1) uin & zg

2.1K 90 13
                                    

Unicode

ကောင်းကင်ယံက မှောင်မဲလို့နေတယ်၊ ကြယ်တွေလဲ မထွန်းလင်းနိုင်ဘူး ၊ နေမဝင်ခင်ထဲက ရွေ့လျားနေတဲ့ တိမ်စိုင်တိမ်မဲ တွေရဲ့ ဖုံးလွှမ်းမှုကြောင့် ကြယ်လေးတွေ ပျောက်ကွယ်နေပြီ ။ လရဲ့အလင်းရောင် ဟာလဲ လင်းတယ်ဆိုရုံလေးပဲ။

စိတ်ငြိမ်ရပ်ကွက် တစ်ခုရှိ အကျယ်အဝန်း အသင့်အတင့်ရှိသော နှစ်ထပ်တိုက်လေးအတွင်းသို့ ကားအနက်ရောင်လေးက ဖြည်းဖြည်းခြင်းမောင်းနှင်လာတယ် ။ ထိုကားလေးက အိမ်ရှေ့စင်ဝင်အောက်မှာ ရပ်လိုက်ပြီး ကားပေါ်က နေ တစ်ကိုယ်လုံး အနက်ဝမ်းဆက် ဝတ်စင်ထားတဲ့ ကောင်လေး တစ်ယောက်က ဆင်းလာတယ်။
ထိုကောင်လေး လက်တစ်ဖက်မှာ ရုံးအိတ်လေး ကိုင်ထားပြီး နောက်လက်ဖက်ကတော့ ကိတ်မုန့်ဘူးလေးကို ကိုင်ထားတယ်။ ပြီး မှ အိမ်မကြီးထံ လျှောက်လာခဲ့ပြီး တံခါး password ထည့်ကာ အိမ်ထဲကို ဝင်ခဲ့တော့၏။

" ဟင်းး "

သူဟာ သက်ပြင်းတစ်ချက်ချ၍ အိမ်မီးတွေကို
ဖွင့်လိုက်တယ်၊ကိတ်ဘူးလေးကို ဧည့်ခန်းထဲက စားပွဲပေါ်မှာတင်ခဲ့ပြီး အဝတ်လဲရန် အိမ်ပေါ်သို့တက်ခဲ့လိုက်တယ် ။ သူရေမိုးချိုးပြီး အောက်ကို ပြန်ဆင်းလာကာ ဧည့်ခန်းကဆိုဖာတွင် ဝင်ထိုင် တယ်။ ပြီးမှ ကိတ်ကို ဘူးလေးထဲ ထုတ်လိုက်ပြီး ဖယောင်းတိုင်လေး ၅တိုင်စိုက်နေလိုက်၏။

ကိတ်မုန့်ပေါ်က စာတန်းလေးကတော့

" Happy 5years Anniversary " တဲ့

တိုင်ကပ်နာရီလေးကို လှမ်းကြည့်လိုက်တော့ ၈နာရီဆိုတဲ့ ဂဏန်းကို ညွှန်ပြနေပြီ။ တစ်စုံတစ် ယောက်ကတော့ ခုထိပြန်မလာသေးဘူး။ သူလဲ ပျင်းလာတာနဲ့ tv လေးဖွင့်လိုက်ပြီး လာတဲ့အစီအစဉ်ကို အပျင်းပြေကြည့်နေလိုက်တယ်။ နာရီလက်တံက ဖြည်းဖြည်းနှင့် ၉နာရီဆိုတဲ့ အချိန်ကို ညွှန်ပြလို့နေပြီ ။ ထိုစဉ် အိမ်ရှေ့က ကားသံကို ကြားလိုက်ရသဖြင့် ဆိုဖာပေါ်မှာ လှဲနေရင်းထထိုင်လိုက်ပြီး သူဝင်လာမဲ့ အချိန်ကို စောင့်နေလိုက် တယ် ။

တီတီတီ ...... password နိုပ်သံနဲ့အတူ ခြေသံကိုကြားလိုက်ရတယ်။

" နောက်ကျတယ်နော် ခန်းဝါ "

နှောင်ကြိုးမဲ့ ~ ဖူးစာ Where stories live. Discover now