Chapter (2) uni & zg

1.1K 68 11
                                    

Unicode

အတိတ်ရဲ့ ပျော်ရွှင်စရာများ (၁)

မှတ်မှတ်ရရ အဲနေ့က မိုးတွေ အရမ်းရွာနေခဲ့တာ။ သူတို့နှစ်ယောက် ကျောင်းလစ်ပြီး အပြင် သွားတဲ့နေ့ပေါ့။ မိုးတွေ အရမ်းရွာလာလို့ အမိုးရှိနေတဲ့ ခုံတန်းလေးဆီ အပြင်သွားပြီး မိုးခိုလိုက် ကြတယ်။

" မိုးကလဲ ကောင်းတာကွာ "

" ငါလဲ မရွာဘူးထင်ပြီး ထီးမယူခဲ့မိတာ "

" ဘယ်တတ်နိုင်မလဲ ဒီမှာပဲ ခနနေကြတာပေါ့"

" အင်း ... ချမ်းနေပြီလား ခန်းဝါ "

" နဲနဲပါ "

" ဒါဆို ငါ့အကျီဝတ်ထားလိုက် အပြင်က မိုးကာသားဖြစ်နေတော့ ရေစိုမနေဘူး "

မင်းနွေက ချက်ခြင်း အကျီချွတ်ဖို့ပြင်လိုက်
တယ်။

" တော်ပြီ ငါအဆင်ပြေတယ် မင်းသာဝတ်ထားပါ"

" နေမကောင်းဖြစ်မှာစိုးလို့ပါ "

" မိုးလေးမိတာနဲ့ နေမကောင်းဖြစ်တာမင်းပါနော် ငါကခံနိုင်ရည်ရှိတယ် "

" ဒါပေမဲ့ ... "

" မင်းနွေ "

" အင်း "

" ငါ့ကို တကယ်အချမ်းသက်သာစေချင်တာလား"

" အင်းပေါ့ "

" ဒါဆို ငါတောင်းထားတဲ့အဖြေပေးလိုက်တော့လေ"

" ဟမ် .. ဘာဆိုင်လို့လဲ "

" ဆိုင်တာပေါ့ "

" ပြောပါအုံး အဖြေပေးတာနဲ့ ချမ်းတာသက်သာစေဖို့နဲ့က ဘယ်လိုများပတ်သတ်သွားတာလဲ "

" မင်းသာ ငါ့ကို ချစ်တယ်လို့ အဖြေပေးလိုက်ရင် ငါတို့က ချစ်သူတွေ ဖြစ်သွားမယ်လေ ... အဲခါကျရင် ငါက မင်းကို တင်းနေအောင်ဖက်ထားလို့ရပြီ အဲတော့ မချမ်းတော့ပဲ နွေးသွားမှာပေါ့ "

" ဟားးဟားး ခန်းဝါ မင်းကလေ သိပ်စကား
တတ်တာပဲ ... အဲတာကြောင့်လဲ ကောင်လေးတွေအသဲဆွဲဖြစ်နေတာ "

" ခုတော့ ဘယ်ကောင်လေးတွေရဲ့ အသဲစွဲမှမဖြစ်ချင်ဘူး ဒီက ဘုန်းမင်းနွေလေးရဲ့ အသဲစွဲလေးပဲ ဖြစ်ချင်တော့တယ် "

နှောင်ကြိုးမဲ့ ~ ဖူးစာ Where stories live. Discover now