Chapter ( 9 ) uni & zg

1.3K 70 14
                                    

Unicode

.... အတိတ်ရဲ့ အမှောင်ထု .....

" ကိုထက်ကလဲ ပိုပြီဗျာ ... "

" ...... "

" ဟားဟား ကောင်းပါပြီ . .. လိုက်ကျွေးရမှာပေါ့"

" ........ "

" အင်း စားနေကျဆိုင်ပဲမို့လား "

" ...... "

" ဟုတ်ကိုထက် "

" ...... "

" အားပါတယ် ကိုထက်ရဲ့ ပြောကြမယ်လေ
ကျွန်တော်လဲ ကိုထက်နဲ့ ဖုန်းပြောရတာပျော်ပါ
တယ် "

" ..... "

" အော် သူလားရှိတယ်လေ အိပ်နေပြီ "

" ........ "

" သူက အခန်းထဲမှာ ကျွန်တော်က ခု ဝရံတာမှာ"

" ........ "

" သူ့အကြောင်းထားလိုက်ပါ ကျွန်တော်တို့ စကားပြောကြမယ်လေ "

မင်းနွေ တစ်ရေးနိုး ရေထသောက်ဖို့အလုပ် ဝရံတာ တံခါးက ပွင့်နေသဖြင့် သွားပိတ်ဖို့လာစဉ်
ဖုန်းပြောသံကြားလိုက်ရသဖြင့် ခန်းဝါပြန်ရောက်နေကြောင်းသိလိုက်ရသည်။ အစကတော့ တံခါးပိတ်ပေးခဲ့မလို့ပေမဲ့ ကိုထက်ဆိုသော အသံကြောင့် ရပ်နားထောင်နေမိလိုက်၏။ ပြောနေတာတွေက ပုံမှန်မဟုတ်ဘူးဆိုပေမဲ့လဲ ပုံမှန် ဟုတ်နေတာမျိုးလဲမဟုတ်။ ပြီးတော့ ခန်းဝါက သူ့အပေါ်ပြောင်းလဲနေပြီ။ အရင်လိုမဟုတ်တော့ဘူး။ တံခါးဘုကို ကိုင်ထားတဲ့လက်တွေက တုန်ရီလာသည်။ မင်းနွေ ချက်ခြင်းလှည့်ထွက်ခဲ့လိုက်ပြီး ကုတင်ပေါ်တွင် ထိုင်နေမိသည်။ သူဘာလုပ်ရမလဲ ပေါ်တင်မေးလိုက်ရမလား တကယ်လို့ ဟုတ်နေတယ်ဆိုရင်ရော ....

မင်းနွေ ဘာဆက်လုပ်ရမှန်းမသိတော့ပေ။
ကုတင်ပေါ်မှာပဲ ငူငူကြီး ထိုင်နေမိသည်။ ဝရံတာက ရီမောသံ သဲ့သဲ့က သူ့ကို သတ်နေတယ်။ ၁၀ မိနစ်လောက်ကြာတော့ ခန်းဝါက ပြန်ဝင်လာ၏။

" အမလေး လန့်လိုက်တာကွာ "

မှောင်မဲနေသော အခန်းထဲတွင် ကုတင်ပေါ်မှာ ငုတ်တုတ်ကြီး ထိုင်နေသော မင်းနွေကြောင့်
ခန်းဝါ လန့်သွားရသည်။ ထို့ကြောင့် မီးဖွင့်လိုက် ရ၏။

နှောင်ကြိုးမဲ့ ~ ဖူးစာ Where stories live. Discover now