Chapter ( 8 ) uni & zg

844 64 6
                                    

Unicode

နှောင်ကြိုးအသစ်ရဲ့ ပထမ အစ .......

ခန်းဝါ အိပ်ယာကနိုးတာနဲ့ မျက်လုံးမဖွင့်သေးပဲ ဘေးသို့ စမ်းလိုက်သည်။ ဘေးမှာမင်းနွေမရှိပါ၊ ချက်ခြင်းထထိုင်လိုက်ပြီး အော်ခေါ်လိုက်သည်။

" မင်းနွေရေ "

တစ်ခန်းလုံးက တိတ်ဆိတ်မှုသာ ကြီးစိုးနေ၏။ ခန်းဝါ လန့်သွားကာ အခန်းပြင် ပြေးထွက်လိုက် တော့ ခေါင်းထဲရိပ်ခနဲဖြစ်သွားသဖြင့် တံခါးဘောင်ကို ကိုင်ထားလိုက်ရ၏။

" မင်းနွေ "

အပေါ်ထပ် ဧည့်ခန်းမှာလဲ မရှိသဖြင့် လှေကားနဲ့အောက်သို့အပြေးဆင်းခဲ့ကာ ပါးစပ်ကလဲ အော်ခေါ်နေသည်။

" မင်းနွေရေ "

ဒုန်း ... ဒုန်း ...

" မင်းနွေ ရေ "

အပေါ်ထပ် လှေကားကနေ တဒုန်းဒုန်းအသံတွေနဲ့အတူ ခန်းဝါ အသံ စူးစူးကို ကြားလိုက်ရသဖြင့် မင်းနွေ မီးဖိုချောင်မှပြေးထွက်လာရသည်။ ထိုအခါ ခန်းဝါက မင်းနွေကို မြင်သွားပြီး အပြေးတစ်ပိုင်းရောက်လာကာ ရင်ခွင်ထဲ တိုးဝင်လျက် ခါးကို တင်းနေအောင်ဖက်တော့သည်။

" မင်းနွေ "

" ဖြည်းဖြည်းဆင်းမှပေါ့ ခန်းဝါ ... ချော်လဲရင်ဘယ်လိုလုပ်မလဲ "

မင်းနွေက အလိုက်သင့်လေး ပခုံးကို ပြန်ဖက်
လိုက်ပြီး စိုးရိမ်စွာပြောလိုက်၏။

" ငါက မင်းထွက်သွားပြီထင်နေတာ "

" မင်းအတွက် ဆန်ပြုတ်လုပ်နေတာပါ "

" နိုးလာတော့ မင်းက မရှိလို့ လန့်သွားတာပေါ့ "

" ငါဘယ်မှမသွားပါဘူး ဆန်ပြုတ်သောက်ရအောင် မျက်နှာသွားသစ်လိုက်အုံး ငါရေနွေး
လုပ်ပေးထားတယ် "

ပြွတ်စ် ....

" မောနီး kiss "

ခန်းဝါက ဖက်ထားရာမှလွတ်လိုက်ပြီး ပါးကို နမ်းကာ နောက်ထဲဝင်သွားတော့သည်။ မင်းနွေက တော့ နွေးထွေးသွားသော ပါးလေးကို ကိုင် ကာ ပြုံးလိုက်မိ၏။ ပြီးတာနဲ့ မီးဖိုချောင်ထဲဝင် ကာ ဆန်ပြုတ်လေးကို ပန်းကန်ထဲ ထည့်ပြီး
ခန်းဝါကိုစောင့်နေလိုက်၏။

နှောင်ကြိုးမဲ့ ~ ဖူးစာ Where stories live. Discover now